အခုအချိန်မှာ ၂၀၂၀နှစ်ကုန်ပိုင်းကို ရောက်လာပြီဖြစ်သလို စမတ်ဖုန်းတွေလည်း အများအပြား ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီတော့ လာမယ့် ၂၀၂၁ ခုနှစ်အတွက် ကိုယ့်ရဲ့ စမတ်ဖုန်းကို အသစ်လဲလှယ်ဖို့ စိတ်ကူးနေတဲ့သူတွေလည်းရှိမှာပါ။ အခု Article မှာတော့ Mid Range တွေထဲက စွမ်းဆောင်ရည်ကောင်းမွန်ပြီး ထူးခြားတဲ့ အားသာချက်တွေရှိနေတဲ့ OPPO F17 နဲ့ F17 Pro ဖုန်းတွေအကြောင်းကို အနည်းငယ်ပြောပြသွားပေးမှာဖြစ်ပါတယ်။

Mid Range စမတ်ဖုန်းတွေဟာ တခြားသော Entry နဲ့ Flagship ဖုန်းတွေလိုမျိုးမဟုတ်ဘဲ ရွေးချယ်စရာအများအပြား ရှိနေတယ်ဆိုတာကိုတော့ လူတိုင်းသိကြမှာပါ။ ဒါပေမယ့် ဒီလိုမျိုး များပြားလှတဲ့ Mid Range ဖုန်းတွေထဲမှာ OPPO F17 နဲ့ F17 Pro ဖုန်းတွေက အားသာနေတဲ့အချက်တစ်ခုရှိနေပါတယ်။ ဒါကတော့ သာမန် LCD Display အစား Super AMOLED Display ကို F17 Pro မှာ အသုံးပြုပေးထားပြီး AMOLED Display ကို F17 မှာ အသုံးပြုပေးထားတာပဲဖြစ်ပါတယ်။

ဒီလိုမျိုး Super AMOLED ဒါမှမဟုတ် AMOLED Display ကို အသုံးပြုထားတဲ့ Mid Range စမတ်ဖုန်းတွေက အခုအချိန်အထိ ရှားပါးနေပြီး ယခင် LCD Display နဲ့ဖုန်းတွေကို သုံးနေကျဆိုရင် ပြောင်းသုံးလိုက်တာနဲ့ သိသိသာသာကို ပြောင်းလဲမှုကို ခံစားရမှာလည်းဖြစ်ပါတယ်။ Display ကောင်းကောင်းတစ်ခုရှိနေတာက ရုပ်ရှင်ကြည့်တဲ့နေရာ၊ ဓါတ်ပုံတွေ Edit ပြုလုပ်ဖို့နဲ့ Game ကစားတဲ့အချိန်တွေအပြင် သာမန် Social Media သုံးနေတာနဲ့တင် သေချာအသုံးချဖြစ်နေတာဖြစ်တဲ့အတွက် စမတ်ဖုန်းတစ်လုံးမှာ အရေးအကြီးဆုံးအချက်လို့တောင် ပြောရမှာပါ။

OPPO F17 Pro ဆိုရင် Super AMOLED Display ကိုမှ Selfie Camera အတွက် Dual Punch-hole Cutout အပြင် Brightness ကလည်း Maximum 800 Nits အထိရှိတဲ့အတွက် ရုပ်ရှင်ကြည့်တတ်တဲ့သူတွေအတွက်ကတော့ လုံးဝကို အားရစရာ Display တစ်ခုဖြစ်မှာပါ။

ကျန်တဲ့ OPPO F17 နဲ့ F17 Pro တို့ရဲ့ တခြား Mid Range ဖုန်းတွေနဲ့ မတူညီတဲ့အားသာချက်တစ်ခုက Body Design ပိုင်းဖြစ်မှာပါ။ အရင်ဆုံး OPPO F17 Pro ဖုန်းက ကိုင်လိုက်တာနဲ့ Premium ဆန်ပြီး လက်ထဲမှာ အရမ်းကို ပေါ့ပါးနေတဲ့ခံစားမှုကို ပေးစွမ်းနိုင်မှာကတော့ သေချာပါတယ်။ အလေးချိန်အနေနဲ့ 164g ပဲရှိသလို အထူကလည်း 7.48mm ပဲရှိနေတာက ဒီစျေးတန်းဝန်းကျင်ဖုန်းတွေထဲမှာ အပါးဆုံးနဲ့ အပေါ့ဆုံးစမတ်ဖုန်းတစ်လုံးလို့တောင် ပြောလို့ရပါတယ်။ နောက်ကျောဘက် Design ကိုလည်း Two-tone Design ပြုလုပ်ထားတာက လှပနေမှာပါ။ ဘာပဲဖြစ်ဖြစ် ကိုင်ရတာပေါ့ပါးပြီး Premium ဆန်တဲ့ Design ကို ပိုပြီးလိုချင်တယ်ဆိုရင် OPPO F17 Pro က လောလောဆယ်မှာ အကောင်းဆုံးရွေးချယ်မှုတစ်ခုလို့တောင် ပြောနိုင်ပါတယ်။

OPPO F17 ဖုန်းက F17 Pro အတိုင်းပဲ အလေးချိန်က 163g နဲ့ အထူကလည်း 7.45mm ပဲရှိတဲ့အတွက် တူညီတဲ့ ကိုင်ရတာပေါ့ပါးနေတဲ့ ခံစားမှုကို ရရှိစေမှာပါ။ ဒါတင်မဟုတ်သေးဘဲ OPPO F17 မှာ ထူးခြားချက်တစ်ခုရှိနေပါသေးတယ်။ ဒါကတော့ လက်ရှိ Mid Range ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ လိမ္မော်ရောင် Leather ပုံစံ Back Cover ကို အသုံးပြုထားတာဖြစ်ပါတယ်၊ ဒါက နာမည်ကြီး Luxury Brand တစ်ခုဖြစ်တဲ့ Hermes နဲ့တောင်ဆင်တူနေပြီး ကိုင်ထားရတာ Premium ဖြစ်တဲ့ Feeling ကိုရရှိစေမှာပါ။

ဒါတင်မဟုတ်သေးဘဲ OPPO F17 Pro မှာ AI Color Portrait နဲ့ AI Night Flare Portrait လိုမျိုး အလန်းစား ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့် Camera Feature တွေလည်း ပါပါသေးတယ်။ OPPO F17 Pro မှာ 48MP Quad Camera Setup အသုံးပြုထားပြီး OPPO F17 မှာ 16MP Quad Camera Setup အသုံးပြုထားတာ ဖြစ်ပါတယ်။ Selfie Camera အတွက်လည်း 16MP Primary Sensor တွေကို အသီးသီးအသုံးပြုထားတာဖြစ်ပါတယ်။ OPPO F17 Pro မှာဆိုရင် ပိုပြီးကောင်းမွန်တဲ့ Portrait Selfie ဓါတ်ပုံတွေရိုက်ကူးဖို့အတွက် 2MP Depth Sensor ကိုပါ ထည့်သွင်းပေးထားပါသေးတယ်။

Performance ပိုင်းအနေနဲ့ OPPO F17 မှာ Qualcomm Snapdragon 662 Chipset နဲ့ F17 Pro မှာ MediaTek Helio P95 Chipset အသီးသီးကို အသုံးပြုထားပြီး RAM 8GB ထည့်သွင်းပေးထားတဲ့အတွက် ပုံမှန် Social Media နဲ့ Gaming ပိုင်းတွေအတွက်ပါ ကောင်းကောင်းအသုံးပြုနိုင်ဦးမှာပါ။ Storage ကလည်း 128GB ပါဝင်မှာဖြစ်တဲ့အတွက် ဖုန်းထဲမှာ Data များများသိမ်းထားချင်တဲ့သူတွေအတွက် စိတ်ကြိုက်ဖြစ်နေမှာအသေအချာပါပဲ။

Battery ပိုင်းအနေနဲ့ကတော့ OPPO F17 နဲ့ F17 Pro ၂မျိူးစလုံးမှာ 4000mAh Battery တွေကို အသီးသီးအသုံးပြုထားပြီး 30W VOOC 4.0 Fast Charging နည်းပညာကိုပါ ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒါက OPPO F17 အတွက် 0-72% ကို မိနစ် ၃၀၊ 0-100% အပြည့်အားသွင်းဖို့ကို ၅၆ မိနစ်နဲ့ OPPO F17 Pro အတွက် 0-74% ကို မိနစ် ၃၀၊ 0-100% အပြည့်အားသွင်းဖို့ကို ၅၃မိနစ်ပဲအချိန်ပေးရမှာဖြစ်ပြီး တခြား Mid Range ဖုန်းတွေထက် ပိုပြီးမြန်ဆန်နေဦးမှာပါ။

ဘာပဲဖြစ်ဖြစ် OPPO F17 နဲ့ F17 Pro စမတ်ဖုန်း ၂ လုံးဟာ အသုံးပြုသူတွေအတွက် အရေးအကြီးဆုံးဖြစ်တဲ့ Display နဲ့ Design ပိုင်းမှာ လုံးဝကို တခြား Mid Range ဖုန်းတွေနဲ့ မတူဘဲထူးခြားနေသလို တခြားသော Camera ၊ Battery နဲ့ Performance ပိုင်းတွေမှာလည်း အဆင်ပြေပြေအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် နှစ်သစ်မှာ စမတ်ဖုန်းအသစ်ဝယ်ဖို့စိတ်ကူးနေတယ်ဆိုရင် ဒီ 399,900 MMK တန် OPPO F17 Pro နဲ့ 339,900 တန် OPPO F17 စမတ်ဖုန်းတွေက သင့်တော်တဲ့ ရွေးချယ်မှုတွေဖြစ်စေမှာပါ။ ဒါ့အပြင် COVID-19 ကာလအတွင်း အိမ်အပြင်မထွက်ချင်သူတွေအတွက် ဒီဖုန်းတွေကို Shop.com.mm ကနေ Delivery ခ ပေးစရာမလိုပဲ ဝယ်ယူနိုင်ပြီလို့လည်း သိရပါတယ်။

နောက်ပြီး OPPO ရဲ့ Super Super Super Sales Promotion အစီအစဉ်ကြီးရှိတဲ့အတွက် ဒီဇင်ဘာလအတွင်း OPPO F17၊ OPPO F17 Pro နဲ့ Reno4 ဝယ်ယူတဲ့သူတွေအတွက် ကျပ် 35,000 တန်ဖိုးရှိ OPPO Enco W11 ကို အထူးလက်ဆောင်အနေနဲ့ ရယူပိုင်ဆိုင်နိုင်မှာ ဖြစ်တဲ့အပြင် တခြား OPPO ဖုန်းဝယ်ယူသူတွေအတွက် ကျပ် 4,500,000 တန်ဖိုးရှိ ဖုန်းဘေလ်တွေကို ကံထူးပိုင်ဆိုင်နိုင်မှာ ဖြစ်တဲ့အတွက် အမြန်ဝယ်ထားကြရအောင်။