OPPO က စွမ်းဆောင်ရည်သင့် F9 နဲ့ F9 Pro အတွက် ColorOS 7 Update ကို ဖြန့်ချိပေးလိုက်ပါတယ်။ Update မှာ UI တွေကို ဆန်းသစ်ထားပြီး System Optimizations တွေ ပိုကောင်းလာပါတယ်။ ကင်မရာ အပိုင်းမှာ ပြောင်းလဲမှု များစွာ ထည့်သွင်းထားပြီး Android 10 လုပ်ဆောင်ချက်တွေ ပါလာပါတယ်။ System Wide Dark Mode နဲ့ Navigation Gestures တွေ ထည့်သွင်းထားပါတယ်။

Focus Mode ပါတဲ့ Digital Wellbeing Tools တွေထည့်သွင်းထားပြီး System Apps တွေကို Update လုပ်ပေးထားပါတယ်။ Update ကို တစ်ကမ္ဘာလုံးအတွက် ဖြည်းဖြည်းချင်း ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ သင့် စမတ်ဖုန်းမှာ Update ရရင် Notification နဲ့ အသိပေးမှာ ဖြစ်သလို Settings> Software Update ထဲမှာ စစ်ဆေးနိုင်ပါတယ်။

OPPO က Android 10 ဖြန့်ချိပေးမယ့် အချိန်စာရင်းကို အရင်က ထုတ်ပြန်ကြေညာထားပါတယ်။ ဒီလထဲမှာ OPPO A5(2020) နဲ့ OPPO A9 (2020) တို့အတွက် ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ နောက်လမှာ OPPO F15 နဲ့ R15 Pro တို့အတွက် ColorOS 7 ကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

OPPO ဟာ ပြီးခဲ့တဲ့ လက Find X, Reno 10X, Reno, Reno 2 နဲ့ တခြား စမတ်ဖုန်းတွေအတွက် ColorOS 7 ကို ဖြန့်ချိပေးခဲ့ပါတယ်။

Ref : gsmarena