Foldable ဖုန်းတွေရဲ့ ဘယ်သူ ပိုပါးသလဲ ဆိုတဲ့ ပြိုင်ပွဲက စတင်ပါပြီ။ အခုတော့ OPPO က အဲဒီပြိုင်ပွဲမှာ သရဖူ ဆောင်းသွားပါတယ်။
OPPO Find N5 ဟာ ဖြန့်ထားရင် အထူက ၄.၂၁ မီလီမီတာနဲ့ ခေါက်ထားရင် ၈.၉၃ မီလီမီတာပဲ ရှိပါတယ်။ Find N5 ဟာ ကမ္ဘာ့ အပါးလွှာဆုံး စာအုပ်စတိုင် Foldable ဖုန်း ဖြစ်လာပါတယ်။ နှိုင်းယှဉ်ကြည့်ရင် အရင်က အပါးလွှာဆုံး ဖြစ်တဲ့ Honor Magic V3 ဟာ ဖြန့်ထားရင် ၄.၃၅ မီလီမီတာနဲ့ ခေါက်ထားရင် ၉.၃ မီလီမီတာ ရှိပါတယ်။ Samsung Galaxy Z Fold6 က ၅.၆ မီလီမီတာနဲ့ ၁၂.၁ မီလီမီတာ အသီးသီး ရှိပါတယ်။
N5 ဟာ ပါးလွှာ သလို ပေါ့ပါးပါတယ်။ Foldable အတွက် ကမ္ဘာ့ ပထမဆုံး အနေနဲ့ IPX6, IPX8 နဲ့ IPX9 ရေစိုခံစံနှုန်းတွေ ထည့်သွင်းထားပါတယ်။ ရေပန်းဒဏ်ကို ခံနိုင်ပြီး ရေထဲမှာ နှစ်မြုပ်ထားနိုင်ပါတယ်။ ဖုန်းရဲ့ ဖရိမ်ကို 7000 Series Aluminium နဲ့ တည်ဆောက်ထားပါတယ်။
Main Display အတွက် 8.12” LTPO OLED FHD+ ကို သုံးထားပြီး 1-120Hz Adaptive Refresh Rate နဲ့ 2,100 Nits Peak Brightness ပါပါတယ်။ 6.62” LTPO OLED အပြင်ဘက် Display လည်း ထည့်သွင်းထားပြီး 1-120Hz Adaptive Refresh Rate , 2,450 Nits Peak Brightness ပါပါတယ်။ Screen ၂ ခုစလုံးကို OPPO Pen Stylus နဲ့ သုံးနိုင်ပါတယ်။
ကင်မရာအကြောင်းပြောရရင် Find N5 မှာ Hasselblad နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ ကင်မရာ ၃ လုံး ပါပါတယ်။ 50MP Main (OIS) , 50MP Periscope (3x Optical Zoom) နဲ့ 8MP Ultrawide တို့ ဖြစ်ပါတယ်။
Qualcomm Snapdragon 8 Elite မောင်းနှင်ထားပြီး 16GB RAM နဲ့ 512GB Storage ထည့်ထားပါတယ်။ Android 15 အခြေပြု ColorOS 15 ပါလာပြီး 80W SuperVOOC Wired, 50W AirVOOC Wireless Charging ထောက်ပံ့တဲ့ 5,600mAh Silicon Carbon Battery သုံးထားပါတယ်။
Cosmic Black, Misty White နဲ့ Dusk Purple ၃ ရောင်နဲ့ လာပြီး ဒီလ ၂၈ ရက်နေ့ ရောင်းမှာပါ။ ဈေးအနည်းဆုံး မော်ဒယ်ကို စင်ကာပူ ဒေါ်လာ ၂,၄၉၉ ( ၁,၇၉၉ ယူရို) သတ်မှတ်ထားပါတယ်။
Ref : gsmarena