Unicode

OPPO ကနေ Find X2 စမတ်ဖုန်းကို ဒီနှစ် ပထမ ၃ လပတ်အတွင်းမှာ တရားဝင်မိတ်ဆက်မယ်လို့ ကြေညာထားပြီးတော့ ဖြစ်နိုင်တာက လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ ပြုလုပ်မယ့် Mobile World Congress မှာ မိတ်ဆက်လာနိုင်ပါတယ်။ မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိရှိရသေးပေမယ့်လည်း ဒီ OPPO Find X2 နဲ့ ပတ်သတ်တဲ့နောက်ထပ်သတင်းတွေက ပေါက်ကြားလာပြန်ပါပြီ။

ယခုတစ်ကြိမ်မှာ ပေါက်ကြားလာတဲ့သတင်းတွေကတော့ Camera ပိုင်းနဲ့သက်ဆိုင်တဲ့ Specs တွေဖြစ်ပြီးတော့ OPPO Find X2 ဖုန်းမှာ အသုံးပြုလာနိုင်တဲ့ Sensor တွေ ပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။ ယခုသတင်းအရ OPPO Find X2 မှာ Sony IMX689 Sensor ကို ပထမဆုံးအနေနဲ့ အသုံးပြုလာမှာဖြစ်ပါတယ်။ ဒီ IMX689 Sensor ဟာ ပထမဆုံး All-pixel Omnidirectional Focusing Technology ကို အသုံးပြုထားတာဖြစ်ပြီး 48MP Lens ကိုမှ Sensor Size 1/1.3-inches အထိ ရှိနေမှာဖြစ်ပါတယ်။

ဒီ Sony IMX689 Sensor ဟာ OPPO Find X2 အတွက် Primary Sensor ဖြစ်လာမှာဖြစ်သလို Ultrawide Sensor ကိုလည်း Sony ရဲ့ နောက်ဆုံးမိတ်ဆက်ထားတဲ့ IMX708 Senor ကို သုံးလာဦးမှာပါ။ ဒါ့အပြင် 5x Optical Zoom ပါဝင်တဲ့ 13MP Telephoto Sensor နဲ့ Sony IMX616 32MP Selfie Camera တွေလဲ ပါဝင်နေမှာဖြစ်ပါတယ်။

အဲ့ဒီအတွက် OPPO Find X2 ရဲ့ Camera Setup ဟာ လက်ရှိ Flagship စမတ်ဖုန်းတွေထဲမှာ တော်တော်လေးကို အားရဖို့ကောင်းနေပြီးတော့ တကယ်ထွက်ရှိလာတဲ့အချိန်မှာလည်း အကောင်းဆုံးဆိုတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ဖွယ်ရှိနေပါတယ်။

Display ပိုင်းအနေနဲ့ကတော့ OPPO Find X2 မှာ 6.5″ QHD+ Resolution ရှိတဲ့ 120Hz OLED DIsplay ကို ထည့်သွင်းထားမှာဖြစ်ပြီးတော့ 80-degree Curved Panel အမျိုးအစားလည်းဖြစ်မှာပါ။ Frame Rate ကို အကောင်းဆုံး Support ပေးနိုင်ဖို့အတွက် High-end TV တွေမှာပါဝင်တဲ့ MEMC Chip ကိုလည်း ထည့်သွင်းလာမယ့်အပြင် iPhone 11 Pro Max ထက်တောင် ပိုကောင်းမွန်တဲ့ Color Accuracy ကိုလည်း ရရှိဦးမယ်လို့ သိရပါတယ်။

နောက်ဆုံး ထူးခြားချက်တစ်ခုကတော့ ဒီ OPPO Find X2 ဖုန်းမှာ Qualcomm Snapdragon 865 Processor အပြင် ကိုယ်ပိုင် OPPO M1 Co-processor ကိုပါထည့်သွင်းပေးလာမှာဖြစ်ပြီး Power စားသုံးမှုကို အသက်သာဆုံးဖြစ်အောင် Optimize ပြုလုပ်ပေးသွားဦးမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ယခင်ထွက်ရှိထားတဲ့သတင်းတွေအရ OPPO Find X2 စမတ်ဖုန်းဟာ Dual Mode 5G ၊ LPDDR5 RAM နဲ့ 50W Wireless VOOC Charging တွေပါဝင်လာဦးမယ့်အတွက် တကယ့်အကြမ်းစား Flagship ဖုန်းတစ်လုံးဖြစ်လာတော့မှာပါ။

Ref – Gizmo China

Zawgyi








Ref – Gizmo China