OPPO Find X3 Pro မှာ Snapdragon 888 Chipset မောင်းနှင်ထားပြီး AnTuTu မှာ ရမှတ် အရမ်းကောင်းပါတယ်။ မော်ဒယ်နံပါတ်က PEEM00 ဖြစ်ပြီး အခုတော့ Cloud အခြေပြု Testing Platform ၁ ခုကနေ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက် အသေးစိတ်ကို သိလာရပါပြီ။

OPPO Find X3 Pro မှာ Android 11 အခြေပြု Color OS 11.2 မောင်းနှင်ထားပြီး အဲဒီ စမ်းသပ်တဲ့ မော်ဒယ်မှာ 12GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။ Snapdragon 888 Chipset မှာ 2.84GHz Prime Core ၁ လုံး၊ 2.42GHz အရွယ်ကြီး Core ၃ လုံးနဲ့ 1.80GHz အရွယ်သေး Core ၄ လုံး ထည့်သွင်းထားနိုင်ပါတယ်။ ဒါဟာ Global Version ဖြစ်ပါတယ်။

OPPO Find X3 launches with an impossible curve, four-chamber hump - Light Home

မျက်နှာပြင်ရဲ့ Resolution ဟာ 1440x3216p ဖြစ်ပြီး တချို့ သတင်းတွေအရ Refresh Rate ဟာ 10Hz ကနေ 120Hz အထိ ရှိမှာပါ။ OLED မျက်နှာပြင်ရဲ့ အရွယ်အစားဟာ ၆.၇ လက်မ ဖြစ်ပါတယ်။

ပင်မ ကင်မရာဟာ 16MP လို့ဖော်ပြထားပေမယ့် ဒါဟာ Post-binning Resolution ဖြစ်နိုင်ပြီး စုစုပေါင်း ကင်မရာ ၄ လုံး ပါလာနိုင်ပါတယ်။ အဲဒီအထဲမှာ 25x Microscope Macro Lens ၁ လုံး ပါလာနိုင်ပြီး တခြား ကင်မရာ ၂ လုံးရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ ပေါက်ကြားသတင်း တချို့အရ 50MP Sony (IMX766) ကင်မရာ ၂ လုံး ထည့်သွင်းထားနိုင်ပါတယ်။

Oppo Find X3 Pro caught in cloud testing platform, key specs exposed

ပေါက်ကြား ဓါတ်ပုံအရ ကင်မရာ Bump က တော်တော်ငေါထွက်နေတာ မြင်ရပြီး မျက်နှာပြင်ရဲ့ ဘေးဘက်တွေဟာ ကွေးညွှတ် ဒီဇိုင်း ဖြစ်ပါတယ်။ OPPO Find X3 Series ကို မတ်လမှာ ကြေညာနိုင်တဲ့အတွက် နောက်လမှာ သတင်းအချက်အလက် အပြည့်အစုံကို တရားဝင် သိရမှာပါ။

Ref : gsmarena