OPPO ဟာ OnePlus 11 မိတ်ဆက်မဲ့ကိစ္စနဲ့ အလုပ်ရှုပ်နေနိုင်ပေမဲ့လည်း OPPO Find X6 ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ရှေ့ဆက်သွားနေတာကို တွေ့ရပါတယ်။ Flagship Lineup အသစ်ဟာ ၂၀၂၃ ခုနှစ် ပထမသုံးလပတ်အတွင်းမှာ ထွက်လာဖို့ရှိပြီး OPPO Find X6 Pro နဲ့ပတ်သက်တဲ့ ပထမဆုံး အသေးစိတ်အချက်အလက်လည်း ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။

Tipster Digital Chat Station ဟာ လာမဲ့ Pro ဗားရှင်းအကြောင်း အသေးစိတ်အချက်အလက်တွေကို ဖော်ပြခဲ့ဖူးတာ ကြာပါပြီ။ သူ့ရဲ့အဆိုအရ လာမဲ့ Flagship မှာ Sony က 50MP snappers သုံးခုနဲ့ Triple-camera setup ပါဝင်လာမယ်လို့ သိထားရပါတယ်။ ဒီနေ့မှာတော့ Tipster ဟာ အာရုံခံကိရိယာတွေအကြောင်း နောက်ထပ်အသေးစိတ်အချက်အလက်တွေအပြင် OPPO X6 Pro အသစ်မှာပါလာမဲ့ မှန်ဘီလူးတွေနဲ့ အင်္ဂါရပ်အချို့အကြောင်းကိုလည်း ဖော်ပြလာတာ ဖြစ်ပါတယ်။

OPPO X6 Pro မှာ 50MP အဓိက ကင်မရာသုံးလုံး ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါပေမဲ့ တစ်ခုနဲ့တစ်ခုကြားမှာလည်း သိသာထင်ရှားတဲ့ ကွဲပြားမှုတွေရှိမယ်လို့ ဆိုပါတယ်။ အဓိက 50MP ကင်မရာဟာ 1-inch အရွယ် Sony IMX989 sensor နဲ့ ဖြစ်ပါတယ်။ f/1.8 aperture, 7p lens နဲ့ OIS ကို ယူဆောင်လာမယ်လို့ သိရပါတယ်။ Focal length က 23mm equivalent ပါ။ ဒုတိယ 50MP shooter ကတော့ Ultrawide ဖြစ်ပြီး Sony IMX890 lens နဲ့ ဖြစ်ပါတယ်။ တတိယတစ်လုံးကတော့ Telephoto lens ဖြစ်ပြီး Sony IMX766 ဒါမှမဟုတ် IMX890 ကိုပဲ သုံးလာမယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် 3x zoom နဲ့ 64mm focal length နဲ့ တူညီတဲ့ အရွယ်အစား ရှိမယ်လို့ သိရပါတယ်။ Telephoto lens ဟာ OIS ပါရှိပြီး Apeature ကတော့ f/2.6 ဖြစ်ပါတယ်။ Selfie ကင်မရာကတော့ 32MP Sony IMX709 ဖြစ်ပါတယ်။ ဒီကင်မရာကို OPPO Reno စီးရီးဖုန်းအချို့မှာ အသုံးပြုထားပြီး Selfie ရိုက်ဖို့အတွက် သင့်လျော်တဲ့ အရည်အသွေးရှိကြောင်းလည်း သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

Camera island အတွက် အဓိက ဒီဇိုင်းပိုင်း ပြောင်းလဲမှုကိုလည်း တွေ့လာရနိုင်ပြီး Renders အချို့ကလည်း ဖော်ပြထားပြီး ဖြစ်ပါတယ်။ ပုံမှန်မြင်နေကျအတိုင်းမဟုတ်ဘဲ အလယ်ဗဟိုမှာ ကင်မရာတွေရှိနေမှာ ဖြစ်ပါတယ်။ ဒီ Render က မှန်လားမမှန်လားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ အခြားအချက်အလက်တွေအနေနဲ့ Snapdragon 8 Gen 2, LPDDR5X နဲ့ UFS 4.0 storage တွေ ပါဝင်မယ်လို့ သိရပါတယ်။

Ref: Gizchina