OPPO က ဒီလထဲမှာ Find X6 Series ကို ကြေညာတော့မှာ ဖြစ်ပြီး Find X6 နဲ့ Find X6 Pro တို့ ပါလာမှာပါ။ Find X6 Pro ရဲ့ ဓါတ်ပုံတွေ ဇန်နဝါရီလက ထွက်ပေါ်လာပြီး အဖြူနဲ့ အစိမ်းရောင် မော်ဒယ်တွေကို တွေ့ရပါတယ်။ အခုတော့ အစိမ်းရောင်မော်ဒယ်ရဲ့ ဓါတ်ပုံ ပေါက်ကြားလာပြီး အနောက်ဘက် ကင်မရာ Island ကို လေ့လာလို့ရလာပါတယ်။

Oppo Find X6 Pro's live image surfaces, tipped to remain China-exclusive

OPPO Find X6 Pro ရဲ့ စက်ဝိုင်းပုံ ကင်မရာ Island ဟာ နှစ်ရောင်စပ် ဒီဇိုင်း ဖြစ်ပါတယ်။ အပေါ်ပိုင်းကို ဖန်နဲ့ တည်ဆောက်ထားပြီး တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ကာ ကင်မရာ ၂ လုံးနဲ့ LED Flash ၁ လုံး တပ်ဆင်ထားပါတယ်။ Hasselblad Branding ကို မြင်ရပါတယ်။ အောက်ပိုင်းမှာ ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး “Powered by MariSilicon “ စာသားကို မြင်ရပါတယ်။

OPPO က Find X6 Series ရဲ့ Specs တွေကို မပြောသေးပေမယ့် အရင်က Specs တွေ ပေါက်ကြားခဲ့ဖူးပါတယ်။ OPPO ဟာ တရုတ်မှာ ဒီလထဲ X6 Series ကို ကြေညာမှာ ဖြစ်ပြီး ကုမ္ပဏီက တရုတ် ပြင်ပမှာ အဲဒီ စမတ်ဖုန်းတွေကို ရောင်းချမလားဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် နာမည်ကြီး Tipster Ice Universe က Find X6 Pro ကို တရုတ်မှာပဲ ရောင်းချမယ်လို့ ပြောပါတယ်။ အရင်မျိုးဆက် Find X5 Pro ကိုတော့ နိုင်ငံတကာမှာပါ ရောင်းချပေးခဲ့ပါတယ်။

Ice Universe က Xiaomi 13 Ultra ကို နိုင်ငံတကာမှာ ရောင်းချမယ်လို့ ပြောပြီး အရင်နှစ်က Xiaomi 12S Ultra ကိုတော့ တရုတ်မှာပဲ ရောင်းချပေးခဲ့ပါတယ်။

Ref : gsmarena