[Zawgyi]

OPPO မွ ကူညီပံ့ပိုးထားေသာ ၿပိဳင္ပြဲႏွစ္ခုျဖစ္သည့္ International Cricket Council (ICC) မွ က်င္းပသည့္ Cricket World Cup 2019 ႏွင့္ The Championships, Wimbledon 2019 ၿပိဳင္ပြဲတို႔သည္ ေအာင္ျမင္စြာ က်င္းပၿပီးစီးခဲ့ၿပီ ျဖစ္ပါသည္။ OPPO သည္ All England Lawn Tennis Club (AELTC) မ်ားႏွင့္ အက်ိဳးအျမတ္ရွိေသာ ေရရွည္စာခ်ဳပ္ခ်ဳပ္ဆိုထားႏိုင္ခဲ့သည့္ အျပင္ ICC ႏွင့္ ပူးေပါင္းႏိုင္ခဲ့သည့္အတြက္ အားကစားေဈးကြက္တြင္လည္း ေအာင္ျမင္မႈ အထြတ္အထိပ္သို႔ ေရာက္ရွိခဲ့ေၾကာင္း သက္ေသျပသခဲ့ပါသည္။ ထိုကဲ့သို႔ ေအာင္ျမင္မႈမ်ားသည္ စမတ္ဖုန္းေလာကကို ဦးေဆာင္ေနေသာ ကုမၸဏီ၏ အားကစားေလာကအေပၚ ထားရွိသည့္ ဝန္ခံကတိျပဳမႈမ်ားကို ျပသလိုက္႐ုံသာမက The Championships, Wimbledon ႏွင့္ပါတနာအသစ္အျဖစ္ ဆက္လက္လက္တြဲ လုပ္ေဆာင္ျခင္းျဖင့္ ကမာၻတစ္လႊားရွိ လူငယ္မ်ားကို အားေပးအားေျမႇာက္ျပဳသည့္ နည္းလမ္းတစ္ခုအား လမ္းခင္းေပးလိုက္ျခင္း ျဖစ္ပါသည္။

OPPO သည္ ICC ၊ Roland-Garros ႏွင့္ Wimbledon ၿပိဳင္ပြဲမ်ားကို ပါတနာအျဖစ္ လက္တြဲျခင္းျဖင့္ အထင္ႀကီးေလာက္စရာ ကူညီပံ့ပိုးမႈမ်ား ျဖစ္လာခဲ့

OPPO သည္ ICC ႏွင့္ ကမာၻလုံးဆိုင္ရာ မိတ္ဖက္အျဖစ္ လက္တြဲခဲ့ၿပီးေနာက္ ကမာၻေက်ာ္ၿပိဳင္ပြဲမ်ားျဖစ္ေသာ Roland-Garros ႏွင့္ The Championships, Wimbledon ၿပိဳင္ပြဲမ်ားႏွင့္လည္း လက္တြဲခဲ့ပါသည္။ ထိုကဲ့သို႔လက္တြဲျခင္းမ်ားသည္ OPPO အား ကမာၻလုံးဆိုင္ရာ ပထမေျခလွမ္းကို စတင္ႏိုင္ခဲ့႐ုံသာမက ႏိုင္ငံတကာဆိုင္ရာႏွင့္ ေဒသဆိုင္ရာ မဟာဗ်ဴဟာေျမာက္ ေပါင္းစည္းမႈမ်ားကိုလည္း အေကာင္အထည္ေဖာ္ခဲ့ပါသည္။ ထိုပူးေပါင္းေဆာင္႐ြက္မႈ မ်ားကို ေၾကညာျခင္းျဖင့္ OPPO သည္ ကမာၻတစ္ဝွမ္းရွိ တင္းနစ္ႏွင့္ ခရစ္ကက္ ခ်စ္သူမ်ားကို ေပါင္းကူးတံတား အျဖစ္ျပဳလုပ္လိုက္ျခင္း ျဖစ္သကဲ့သို႔ ထိေရာက္ေသာ တီထြင္ဖန္တီးမႈေကာင္းသည့္ နည္းပညာမ်ားႏွင့္ ကုမၸဏီ၏ စိတ္အားထက္သန္မႈႏွင့္ လုပ္ႏိုင္စြမ္းတို႔ကိုလည္း သယ္ေဆာင္လာခဲ့ပါသည္။ Wimbledon ၿပိဳင္ပြဲ၏ ပထမဆုံးေသာႏွင့္ အာရွမွ တစ္ဦးတည္းေသာ ကူညီပံ့ပိုးသူ ျဖစ္ေသာ OPPO သည္ ဧၿပီလတြင္ All England Lawn Tennis Club (AELTC) ႏွင့္ (၅) ႏွစ္တာ သေဘာတူညီမႈစာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုခဲ့ၿပီး Rolex၊ Jaguar ႏွင့္ Slazenger မ်ားႏွင့္လည္း ေရရွည္စာခ်ဳပ္မ်ား ခ်ဳပ္ဆိုထားခဲ့ပါသည္။ ပထမဆုံးေသာ သမိုင္းဝင္ပံ့ပိုးကူညီမႈေၾကာင့္ Wimbledon ၿပိဳင္ပြဲ၏ ပုံရိပ္မ်ားကို OPPO Reno 5G စမတ္ဖုန္းႏွင့္ ပထဆုံးအႀကိမ္ ပညာသားပီသစြာ ဖမ္းယူႏိုင္ခဲ့ပါသည္။

ပင္ကိုပါရမီ စိတ္ဓာတ္လႈံ႕ေဆာ္ျခင္းႏွင့္ အေၾကာင္းအရာ ဖန္တီးျခင္းမ်ား နက္နဲစြာ အျမစ္တြယ္ေနသည့္ ဗ်ဴဟာေျမာက္ ေရရွည္ပူးေပါင္းေဆာင္႐ြက္ျခင္း

OPPO သည္ Wimbledon ၿပိဳင္ပြဲအား ပိုမိုစိတ္ဝင္စားမႈရွိေစရန္ #AceTheShot campaign ျပဳလုပ္ခဲ့ၿပီး အသုံးျပဳသူမ်ားကို ‘အေကာင္းတကာ့အေကာင္းဆုံး႐ိုက္ခ်က္’ မ်ားရရွိႏိုင္ရန္ တိုက္တြန္းလႈံ႕ေဆာ္မႈမ်ား ျပဳလုပ္ခဲ့ပါသည္။ OPPO သည္ Wimbledon ႏွင့္ပူးေပါင္းကာ “embracing the young” ဆိုသည့္ ေဆာင္ပုဒ္အတိုင္း ငယ္႐ြယ္ၿပီး ပင္ကိုယ္စြမ္းရည္ ျပည့္ဝသည့္ ကစားသမားမ်ားကို ေျမေျမႇာက္ေပးႏိုင္ရန္ ကိုယ္တိုင္ထိုးေဖာက္ ေက်ာ္လႊားႏိုင္မႈႏွင့္ ထူးခြၽန္ေျပာင္ေျမာက္ေသာ စြမ္းေဆာင္ရည္ရွိသည့္ ကစားသမားကို ေ႐ြးခ်ယ္၍ OPPO Breakthrough Award ဆုကိုလည္း ေပးအပ္ခဲ့ပါသည္။ ပထမဦးဆုံးေသာ OPPO Breakthrough Award အား မယုံၾကည္ႏိုင္ေလာက္ေသာ ႏိုင္ပြဲမ်ားျဖင့္ စတုတၳအဆင့္ထိေရာက္ရွိကာ Wimbledon ပရိတ္သတ္မ်ားကို အသည္းႏွစ္လုံးကို ဖမ္းစားႏိုင္ခဲ့သည့္ အသက္ (၁၅) ႏွစ္အ႐ြယ္ Co Co ဟုလူသိမ်ားသည့္ Cori Gauff မွ ရရွိသြားခဲ့သည္။ Co Co သည္ စကာတင္စာရင္းတြင္ပါဝင္ေသာ Wimbledon ၿပိဳင္ပြဲ၏ အဓိကၿပိဳင္ပြဲ (၅)ခုမွ ၿပိဳင္ပြဲဝင္မ်ားကို ေက်ာ္ျဖတ္ကာ ထိုဆုကို ရရွိခဲ့ျခင္း ျဖစ္ပါသည္။

OPPO မွ England Cricket Team ၏ ဒုတိယ အသင္းေခါင္းေဆာင္ Jos Buttler ပါဝင္သည့္ Cricket World Cup 2019 ဗီဒီယိုအား စတင္ထုတ္လႊင့္ခဲ့ျခင္းျဖင့္ #BeAShotMaker campaign အား တစ္ကမာၻလုံးတြင္ တရားဝင္ေၾကညာခဲ့ပါသည္။ အဆိုပါ campaign တြင္ ပြဲမ်ားက်င္းပစဥ္အတြင္း စိတ္လႈပ္ရွားဖြယ္ အခိုက္အတန႔္မ်ားကို ဖမ္းစားႏိုင္ရန္ လႈံ႕ေဆာ္႐ုံသာမက မိမိစိတ္ႀကိဳက္ အသင္းမ်ားကိုလည္း မဲေပးႏိုင္မည္ ျဖစ္ပါသည္။ ထို႔အျပင္ OPPO မွ Reno series ဖုန္းမ်ားျဖင့္ ႐ိုက္ကူးခဲ့ေသာ ICC ပြဲအတြင္းမွ ကစားသမားမ်ား၏ ပုံရိပ္မ်ားကို ကမာၻတစ္ဝန္းရွိ ခရစ္ကက္ပရိသတ္မ်ား ေတြ႕ျမင္ခံစားႏိုင္ရန္ မွ်ေဝေပးသြားခဲ့ပါသည္။

အိႏၵိယတြင္ ပရိသတ္မ်ား၏ ႏွလုံးခုန္သံမ်ားကို စုေဆာင္းကာ OPPO မွ #OPPOBillionBeats ဆိုေသာ အမည္ႏွင့္ Team India အား ပံ့ပိုးသည့္ သီခ်င္းအား ဖန္တီးခဲ့ၿပီးေနာက္ ၾကည့္ရႈသူလူဦးေရေပါင္း သန္း ၄၀၀ ေက်ာ္ကို ဆြဲေဆာင္ႏိုင္ခဲ့သည္။ ထို႔အျပင္ Pakistan တြင္ ကံထူးရွင္ ပရိသတ္မ်ားအတြက္ OPPO Reno 10× Zoom ႏွင့္အတူ UK ႏိုင္ငံ၏ ICC ပြဲအေတြ႕အႀကဳံမ်ားကို အျပည့္အဝ ခံစားႏိုင္ေစမည့္ ခရီးစဥ္မ်ားျဖင့္ ခ်ီးျမႇင့္ေပးခဲ့ပါသည္။ ထိုသို႔ျပဳလုပ္ျခင္းျဖင့္ တစ္ကမာၻလုံးမွ ခရစ္ကက္ Trend ကို ေဖာ္ေဆာင္ခဲ့ၿပီး ကမာၻလုံးဆိုင္ရာ Campaign အျဖစ္ ေအာင္ျမင္မႈကို ရယူႏိုင္ခဲ့သည္။

OPPO မွ လူငယ္အားကစားၾကယ္ပြင့္မ်ားအတြက္ ေျမေတာင္ေျမႇာက္ေပးရန္ ရည္႐ြယ္

OPPO International Business ၏ Marketing Director ျဖစ္ေသာ Derek Sun မွ “ယခုလို Wimbledon နဲ႔ပူးေပါင္းၿပီး တစ္ကမာၻလုံးရွိ Tennis ၾကယ္ပြင့္မ်ား ေျမေတာင္ေျမႇာက္ေပးရာမွာ တစ္ေထာင့္တစ္ေနရာမွ ပါဝင္ခြင့္ရလို႔ အထူးပင္ဂုဏ္ယူ မိပါတယ္။ ကြၽန္ုပ္တို႔ OPPO မွ ထိုးေဖာက္တီထြင္ဖန္တီးမႈမ်ားနဲ႔ ထုတ္လုပ္ထားတဲ့ စမတ္ဖုန္းတို႔ျဖင့္ အေကာင္းဆုံး အခိုက္အတန႔္မ်ားကို အလန္းစား၊ အေကာင္းစား ပုံရိပ္မ်ား အေနနဲ႔ ဖမ္းစားႏိုင္ၿပီ ျဖစ္ပါတယ္။ ကြၽန္ုပ္တို႔သည္ လူငယ္မ်ိဳးဆက္တို႔ရဲ႕ ေအာင္ျမင္ျခင္း အခိုက္အတန႔္တို႔ကို tennis ေလာကတြင္ ႂကြယ္ဝတဲ့ သမိုင္း၊ စိတ္လႈပ္ရွားဖြယ္ အနာဂတ္ အေနႏွင့္ မွတ္တမ္းတင္ကာ အိမ္မက္မ်ားကို အစြမ္းကုန္ အေကာင္အထည္ ေဖာ္ႏိုင္ရန္ ရည္မွန္းထားပါတယ္။”

OPPO သည္ ICC Cricket World Cup 2019 ႏွင့္ The Championships, Wimbledon 2019 ပြဲၿပီးဆုံးျခင္းမွ အစပ်ိဳးကာ အနာဂတ္တြင္လည္း ယေန႔ေခတ္လူငယ္မ်ား၏ စြမ္းေဆာင္ခ်က္မ်ားကို ခ်ီးေျမႇာက္ႏိုင္ရန္ အစြမ္းကုန္ပံ့ပိုးကူညီေဆာင္႐ြက္ သြားမည္ျဖစ္သည္။ ထိုရည္႐ြယ္ခ်က္အား အေကာင္အထည္ေဖာ္ လုပ္ေဆာင္ႏိုင္ရန္အတြက္ OPPO သည္ ေရရွည္လက္တြဲျခင္းႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းမ်ားကို ဆက္လက္ျပဳလုပ္သြားမည့္ အျပင္ #BeAShotMaker ႏွင့္ #AceTheShot ကို တစ္ကမာၻလုံးမွ အသုံးျပဳသူမ်ားအား အသိေပးတိုက္တြန္းသြားမည္ ျဖစ္သည္။

[Unicode]

OPPO မှ ကူညီပံ့ပိုးထားသော ICC Cricket World Cup 2019 ပြိုင်ပွဲနှင့် The Championships, Wimbledon 2019 ပြိုင်ပွဲတို့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့

OPPO မှ ကူညီပံ့ပိုးထားသော ပြိုင်ပွဲနှစ်ခုဖြစ်သည့် International Cricket Council (ICC) မှ ကျင်းပသည့် Cricket World Cup 2019 နှင့် The Championships, Wimbledon 2019 ပြိုင်ပွဲတို့သည် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါသည်။ OPPO သည် All England Lawn Tennis Club (AELTC) များနှင့် အကျိုးအမြတ်ရှိသော ရေရှည်စာချုပ်ချုပ်ဆိုထားနိုင်ခဲ့သည့် အပြင် ICC နှင့် ပူးပေါင်းနိုင်ခဲ့သည့်အတွက် အားကစားဈေးကွက်တွင်လည်း အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြောင်း သက်သေပြသခဲ့ပါသည်။ ထိုကဲ့သို့ အောင်မြင်မှုများသည် စမတ်ဖုန်းလောကကို ဦးဆောင်နေသော ကုမ္ပဏီ၏ အားကစားလောကအပေါ် ထားရှိသည့် ဝန်ခံကတိပြုမှုများကို ပြသလိုက်ရုံသာမက The Championships, Wimbledon နှင့်ပါတနာအသစ်အဖြစ် ဆက်လက်လက်တွဲ လုပ်ဆောင်ခြင်းဖြင့် ကမ္ဘာတစ်လွှားရှိ လူငယ်များကို အားပေးအားမြှောက်ပြုသည့် နည်းလမ်းတစ်ခုအား လမ်းခင်းပေးလိုက်ခြင်း ဖြစ်ပါသည်။

OPPO သည် ICC ၊ Roland-Garros နှင့် Wimbledon ပြိုင်ပွဲများကို ပါတနာအဖြစ် လက်တွဲခြင်းဖြင့် အထင်ကြီးလောက်စရာ ကူညီပံ့ပိုးမှုများ ဖြစ်လာခဲ့

OPPO သည် ICC နှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်အဖြစ် လက်တွဲခဲ့ပြီးနောက် ကမ္ဘာကျော်ပြိုင်ပွဲများဖြစ်သော Roland-Garros နှင့် The Championships, Wimbledon ပြိုင်ပွဲများနှင့်လည်း လက်တွဲခဲ့ပါသည်။ ထိုကဲ့သို့လက်တွဲခြင်းများသည် OPPO အား ကမ္ဘာလုံးဆိုင်ရာ ပထမခြေလှမ်းကို စတင်နိုင်ခဲ့ရုံသာမက နိုင်ငံတကာဆိုင်ရာနှင့် ဒေသဆိုင်ရာ မဟာဗျူဟာမြောက် ပေါင်းစည်းမှုများကိုလည်း အကောင်အထည်ဖော်ခဲ့ပါသည်။ ထိုပူးပေါင်းဆောင်ရွက်မှု များကို ကြေညာခြင်းဖြင့် OPPO သည် ကမ္ဘာတစ်ဝှမ်းရှိ တင်းနစ်နှင့် ခရစ်ကက် ချစ်သူများကို ပေါင်းကူးတံတား အဖြစ်ပြုလုပ်လိုက်ခြင်း ဖြစ်သကဲ့သို့ ထိရောက်သော တီထွင်ဖန်တီးမှုကောင်းသည့် နည်းပညာများနှင့် ကုမ္ပဏီ၏ စိတ်အားထက်သန်မှုနှင့် လုပ်နိုင်စွမ်းတို့ကိုလည်း သယ်ဆောင်လာခဲ့ပါသည်။ Wimbledon ပြိုင်ပွဲ၏ ပထမဆုံးသောနှင့် အာရှမှ တစ်ဦးတည်းသော ကူညီပံ့ပိုးသူ ဖြစ်သော OPPO သည် ဧပြီလတွင် All England Lawn Tennis Club (AELTC) နှင့် (၅) နှစ်တာ သဘောတူညီမှုစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး Rolex၊ Jaguar နှင့် Slazenger များနှင့်လည်း ရေရှည်စာချုပ်များ ချုပ်ဆိုထားခဲ့ပါသည်။ ပထမဆုံးသော သမိုင်းဝင်ပံ့ပိုးကူညီမှုကြောင့် Wimbledon ပြိုင်ပွဲ၏ ပုံရိပ်များကို OPPO Reno 5G စမတ်ဖုန်းနှင့် ပထဆုံးအကြိမ် ပညာသားပီသစွာ ဖမ်းယူနိုင်ခဲ့ပါသည်။

ပင်ကိုပါရမီ စိတ်ဓာတ်လှုံ့ဆော်ခြင်းနှင့် အကြောင်းအရာ ဖန်တီးခြင်းများ နက်နဲစွာ အမြစ်တွယ်နေသည့် ဗျူဟာမြောက် ရေရှည်ပူးပေါင်းဆောင်ရွက်ခြင်း

OPPO သည် Wimbledon ပြိုင်ပွဲအား ပိုမိုစိတ်ဝင်စားမှုရှိစေရန် #AceTheShot campaign ပြုလုပ်ခဲ့ပြီး အသုံးပြုသူများကို ‘အကောင်းတကာ့အကောင်းဆုံးရိုက်ချက်’ များရရှိနိုင်ရန် တိုက်တွန်းလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ပါသည်။ OPPO သည် Wimbledon နှင့်ပူးပေါင်းကာ “embracing the young” ဆိုသည့် ဆောင်ပုဒ်အတိုင်း ငယ်ရွယ်ပြီး ပင်ကိုယ်စွမ်းရည် ပြည့်ဝသည့် ကစားသမားများကို မြေမြှောက်ပေးနိုင်ရန် ကိုယ်တိုင်ထိုးဖောက် ကျော်လွှားနိုင်မှုနှင့် ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ရည်ရှိသည့် ကစားသမားကို ရွေးချယ်၍ OPPO Breakthrough Award ဆုကိုလည်း ပေးအပ်ခဲ့ပါသည်။ ပထမဦးဆုံးသော OPPO Breakthrough Award အား မယုံကြည်နိုင်လောက်သော နိုင်ပွဲများဖြင့် စတုတ္ထအဆင့်ထိရောက်ရှိကာ Wimbledon ပရိတ်သတ်များကို အသည်းနှစ်လုံးကို ဖမ်းစားနိုင်ခဲ့သည့် အသက် (၁၅) နှစ်အရွယ် Co Co ဟုလူသိများသည့် Cori Gauff မှ ရရှိသွားခဲ့သည်။ Co Co သည် စကာတင်စာရင်းတွင်ပါဝင်သော Wimbledon ပြိုင်ပွဲ၏ အဓိကပြိုင်ပွဲ (၅)ခုမှ ပြိုင်ပွဲဝင်များကို ကျော်ဖြတ်ကာ ထိုဆုကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။

OPPO မှ England Cricket Team ၏ ဒုတိယ အသင်းခေါင်းဆောင် Jos Buttler ပါဝင်သည့် Cricket World Cup 2019 ဗီဒီယိုအား စတင်ထုတ်လွှင့်ခဲ့ခြင်းဖြင့် #BeAShotMaker campaign အား တစ်ကမ္ဘာလုံးတွင် တရားဝင်ကြေညာခဲ့ပါသည်။ အဆိုပါ campaign တွင် ပွဲများကျင်းပစဉ်အတွင်း စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်များကို ဖမ်းစားနိုင်ရန် လှုံ့ဆော်ရုံသာမက မိမိစိတ်ကြိုက် အသင်းများကိုလည်း မဲပေးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် OPPO မှ Reno series ဖုန်းများဖြင့် ရိုက်ကူးခဲ့သော ICC ပွဲအတွင်းမှ ကစားသမားများ၏ ပုံရိပ်များကို ကမ္ဘာတစ်ဝန်းရှိ ခရစ်ကက်ပရိသတ်များ တွေ့မြင်ခံစားနိုင်ရန် မျှဝေပေးသွားခဲ့ပါသည်။

အိန္ဒိယတွင် ပရိသတ်များ၏ နှလုံးခုန်သံများကို စုဆောင်းကာ OPPO မှ #OPPOBillionBeats ဆိုသော အမည်နှင့် Team India အား ပံ့ပိုးသည့် သီချင်းအား ဖန်တီးခဲ့ပြီးနောက် ကြည့်ရှုသူလူဦးရေပေါင်း သန်း ၄၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့သည်။ ထို့အပြင် Pakistan တွင် ကံထူးရှင် ပရိသတ်များအတွက် OPPO Reno 10× Zoom နှင့်အတူ UK နိုင်ငံ၏ ICC ပွဲအတွေ့အကြုံများကို အပြည့်အဝ ခံစားနိုင်စေမည့် ခရီးစဉ်များဖြင့် ချီးမြှင့်ပေးခဲ့ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် တစ်ကမ္ဘာလုံးမှ ခရစ်ကက် Trend ကို ဖော်ဆောင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ Campaign အဖြစ် အောင်မြင်မှုကို ရယူနိုင်ခဲ့သည်။

OPPO မှ လူငယ်အားကစားကြယ်ပွင့်များအတွက် မြေတောင်မြှောက်ပေးရန် ရည်ရွယ်

OPPO International Business ၏ Marketing Director ဖြစ်သော Derek Sun မှ “ယခုလို Wimbledon နဲ့ပူးပေါင်းပြီး တစ်ကမ္ဘာလုံးရှိ Tennis ကြယ်ပွင့်များ မြေတောင်မြှောက်ပေးရာမှာ တစ်ထောင့်တစ်နေရာမှ ပါဝင်ခွင့်ရလို့ အထူးပင်ဂုဏ်ယူ မိပါတယ်။ ကျွန်ုပ်တို့ OPPO မှ ထိုးဖောက်တီထွင်ဖန်တီးမှုများနဲ့ ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတို့ဖြင့် အကောင်းဆုံး အခိုက်အတန့်များကို အလန်းစား၊ အကောင်းစား ပုံရိပ်များ အနေနဲ့ ဖမ်းစားနိုင်ပြီ ဖြစ်ပါတယ်။ ကျွန်ုပ်တို့သည် လူငယ်မျိုးဆက်တို့ရဲ့ အောင်မြင်ခြင်း အခိုက်အတန့်တို့ကို tennis လောကတွင် ကြွယ်ဝတဲ့ သမိုင်း၊ စိတ်လှုပ်ရှားဖွယ် အနာဂတ် အနေနှင့် မှတ်တမ်းတင်ကာ အိမ်မက်များကို အစွမ်းကုန် အကောင်အထည် ဖော်နိုင်ရန် ရည်မှန်းထားပါတယ်။”

OPPO သည် ICC Cricket World Cup 2019 နှင့် The Championships, Wimbledon 2019 ပွဲပြီးဆုံးခြင်းမှ အစပျိုးကာ အနာဂတ်တွင်လည်း ယနေ့ခေတ်လူငယ်များ၏ စွမ်းဆောင်ချက်များကို ချီးမြှောက်နိုင်ရန် အစွမ်းကုန်ပံ့ပိုးကူညီဆောင်ရွက် သွားမည်ဖြစ်သည်။ ထိုရည်ရွယ်ချက်အား အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန်အတွက် OPPO သည် ရေရှည်လက်တွဲခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆက်လက်ပြုလုပ်သွားမည့် အပြင် #BeAShotMaker နှင့် #AceTheShot ကို တစ်ကမ္ဘာလုံးမှ အသုံးပြုသူများအား အသိပေးတိုက်တွန်းသွားမည် ဖြစ်သည်။