မကြာသေးခင်ကပဲ OPPO K10 Pro ကို တရုတ်အေဂျင်စီ TENAA က အသိအမှတ်ပြုခဲ့ပြီးတဲ့နောက် OPP K10 5G ကိုလည်း တွေ့မြင်လာရပြီ ဖြစ်ပါတယ်။ Snapdragon 680 ရဲ့ စွမ်းဆောင်ရည်ကို ရယူထားတဲ့ OPP K10 နဲ့ ရှုပ်ထွေးစရာမရှိတဲ့အချက်က OPPO K10 5G ဟာ Dimensity 8000 chipset ကို အသုံးပြုထားတာပါပဲ။

တစ်နည်းပြောရရင်တော့ OPPO K10 5G ဟာ Dimensity 8000 chipset ကို ပထမဆုံးအသုံးပြုထားတဲ့ OPPO device ဖြစ်လာတာပါ။ OPPO ဟာ သူ့ရဲ့စမတ်ဖုန်းအချို့မှာအကောင်အထည်ဖော်ခဲ့တဲ့ ကင်မရာဒီဇိုင်းနောက်ကို ဆက်ပြီးတော့လိုက်နေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ကင်မရာနှစ်ခုအတွက် အဓိက စက်ဝိုင်းနှစ်ခုရှိနေတာကို တွေ့နိုင်ပါတယ်။

OPPO K10 5G ကို 5.69-inch LTPS LCD မျက်နှာပြင်တပ်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။ Resolution ဟာ 1080p ဖြစ်ပြီး 16MP selfie ကင်မရာကတော့ မျက်နှာပြင်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole တစ်ခုနဲ့အတူ ရှိနေတာကို တွေ့မြင်ရပါတယ်။ ကျောဘက်ကင်မရာတွေကတော့ 64MP အဓိက ကင်မရာနဲ့ 8MP ultrawide တို့ပဲဖြစ်ပါတယ်။

LED ဖလက်ရှ်အောက်မှာ 2MP အကူယူနစ်ကို ဖွက်ထားတဲ့ပုံစံကြောင့် ရုတ်တရက်ကြည့်ရင် ကင်မရာနှစ်လုံးပဲရှိတယ်လို့ ထင်ချင်စရာပါပဲ။ Chipset ကို အတိအလင်းဖော်ပြထားတာမဟုတ်ပေမဲ့ 2.75GHz CPU clock က Dimensity 8000 က Cortex-A75 နဲ့ တူညီနေပါတယ်။ အလားတူပဲ 2.0GHz နဲ့ Cortex-A55 cores လေးခုလည်း ရှိနေတာပါ။

RAM ကတော့ 8GB ဒါမှမဟုတ် 12GB နှစ်မျိုးလုံးလည်းရှိနိုင်ပြီး သိုလှောင်မှုပမာဏက 128GB ဒါမှမဟုတ် 256GB ရှိမယ်လို့ သိရပါတယ်။

Ref: GSM Arena