OPPO ဟာ တရုတ်မှာ K10 Series ကို ကြေညာဖို့ ပြင်ဆင်နေပြီး K10 နဲ့ K10 Pro တို့ ပါဝင်ပါတယ်။ အခု‌တော့ Tipster Yogesh Brar က K10 Pro ရဲ့ Specs အပြည့်အစုံကို မျှဝေလိုက်ပါတယ်။

OPPO K10 Pro (PGIM10) TENAA images

K10 Pro မှာ ၆.၆၂ လက်မ AMOLED Full HD+ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ မျက်နှာပြင် အထက် အလယ်မှာ Punch Hole ၁ လုံး ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာပါ။

အရှေ့ ကင်မရာက 16MP ဖြစ်ပြီး အနောက်ဘက်မှာ OIS ထောက်ပံ့တဲ့ 50MP Sony IMX766 Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး ထည့်သွင်းထားမှာပါ။ Android 12 အခြေပြု ColorOS မောင်းနှင်ထားမှာပါ။

Snapdragon 888 SoC တပ်ဆင်ထားမှာ ဖြစ်ပြီး 8GB/12GB RAM နဲ့ 128GB/256GB Storage တွေ ပါလာမှာပါ။ 80W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ထည့်သွင်းထားမှာပါ။

Dimensity 8000 Chip ပါတဲ့ OPPO K10 Series ကို ဒီလထဲ ရောင်းချနိုင် – MyTech  Myanmar

K10 Pro ကို ပြီးခဲ့တဲ့ ၁ ပတ်က TENAA မှာ တွေ့ခဲ့ရပါသေးတယ်။ Pro မှာ SD888 Chip နဲ့ ရိုးရိုး K10 မှာ LCD မျက်နှာပြင်၊ Dimensity 8000 SoC ထည့်သွင်းထားမှာပါ။ ဖုန်း ၂ လုံးစလုံကို တရုတ်မှာ ဒီလထဲ ကြေညာတော့မယ်လို့ ထင်ပါတယ်။

Ref : gizmochina