OPPO က ဩဂုတ်လမှာ K7 5G ကို ကြေညာခဲ့ပြီး အခုတော့ နောက်မျိုးဆက်သစ် K7x ကို ချပြလိုက်ပါတယ်။ K7x မှာ ၆.၅ လက်မ FullHD+ LCD မျက်နှာပြင် ပါလာပြီး 90Hz Refresh Rate နဲ့ 180Hz Touch Sampling Rate ထည့်ထားပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆက ၄၀၅ ဖြစ်ပြီး အမြင့်ဆုံး အနေနဲ့ 600 nits Brightness ထောက်ပံ့ထားပါတယ်။

OPPO K7x မှာ Dimensity 720 SoC , 6GB RAM , 128GB Storage နဲ့ Android 10 အခြေပြု ColorOS 7.2 ပါလာပါတယ်။ အရှေ့ဘက်မှာ 16MP Punch Hole ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။

ဘေးဘက်လက်ဗွေရာ ကိရိယာ၊ Bluetooth 5.0 ၊ USB-C ၊ 3.5mm Headphone Jack နဲ့ Dual-mode 5G ပါပါတယ်။ 30W Fast Charging ထောက်ပံ့တဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး Black Mirror နဲ့ Blue Shadow ၂ ရောင် ထုတ်လုပ်ပေးထားပါတယ်။

K7x ကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ ရောင်းမှာပါ။ ၁,၄၉၉ ယွမ် သတ်မှတ်ထားပြီး ၂ သိန်း ၈ သောင်းလောက်ပဲ တန်ကြေးရှိပါတယ်။

Ref : gsmarena