ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO သည် OPPO Reno3 | Reno3 Pro တို့၏ Global Version ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်မည့် အစီအစဉ်ကို ကြေညာလိုက်သည်။ ဤကဲ့သို့ စတင်မိတ်ဆက်မည့် အစီအစဉ်အား အတည်ပြုလိုက်ခြင်းအားဖြင့် OPPO ၏ နိုင်ငံတကာ စျေးကွက်နည်းဗျူဟာတွင် မြန်မာနိုင်ငံစျေးကွက်၏ အရေးပါမှုအား မီးမောင်းထိုးပြလျက်ရှိသည်။

OPPO အနေဖြင့် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ပထမဦးဆုံး Qualcomm-powered Dual-mode 5G စမတ်ဖုန်းများဖြစ်သည့် OPPO Reno3 | Reno3 Pro တို့ကို တရုတ်နိုင်ငံ၌ အောင်မြင်စွာ မိတ်ဆက်ပေးနိုင်ခဲ့ပြီးနောက် ယခုအခါတွင် နောက်ဆုံးပေါ် OPPO Reno3 | Reno3 Pro တို့ကို အခြားစျေးကွက်များတွင် သုံးစွဲသူများ၏ လိုအပ်ချက်များနှင့်အညီ ထပ်မံအဆင့်မြှင့်၍ မိတ်ဆက်ပေးလျက်ရှိသည်။ ထို့အပြင် ပြည်တွင်းစျေးကွက်၏ လိုအပ်ချက်နှင့်အညီ ကိုက်ညီအောင် 4G ကွန်ရက်ကိုလည်း အသုံးပြုထားဆဲဖြစ်သည်။ သို့သော်လည်း OPPO ၏ သုံးစွဲသူအခြေပြုသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု နည်းပညာအပေါ် ရင်းနှီးမြုပ်နှံခြင်းမှ ရခဲ့သည့် ရလဒ်များဖြင့် ပြုလုပ်ထားသော ထူးခြားကောင်းမွန်သည့် နည်းပညာသစ်များ ပါဝင်သည်။

OPPO အနေနှင့် OPPO Reno3 | Reno3 Pro တို့တွင် နည်းပညာနှင့် ဒီဇိုင်းလုပ်ဆာင်ချက်များ အချိုးကျကျ ကောင်းမွန်စေရန် ကြိုးစားဆောင်ရွက်ထားသည်။ OPPO Reno3 | Reno3 Pro တို့တွင် ထူးခြားကောင်းမွန်သည့် ဓာတ်ပုံရိုက်ကူးမှု Setting ပါဝင်သောကြောင့် မည်သည့် အလင်းရောင်အခြေအနေတွင်မဆို ပိုမိုကြည်လင်ပြတ်သားသော မြင်ကွင်းရိုက်ချက်များကို ရရှိစေနိုင်သည်။ OPPO Reno3 | Reno3 Pro တို့သည် နေ့အလင်းရောင်တွင် ဓာတ်ပုံရိုက်ကူးပါက ပိုမိုအသေးစိတ်ကျသော ရုပ်ထွက်အရည်သွေးကို ရရှိနိုင်မည်ဖြစ်ပြီး ညဘက်ဓာတ်ပုံရိုက်ကူးပါက ပိုမိုကောင်းမွန်ကြည်လင်သော ပုံရိပ်များကို ၎င်းတို့၏ ကင်မရာက လုပ်ဆောင်ပေးသည်။ Ultra Dark Mode ပါဝင်မှုကြောင့် အလင်းမှိန်မှိန်တွင် ဓာတ်ပုံရိုက်ကူးဖြစ်မည်ဆိုရင်လည်း အခက်အခဲ ဖြစ်မည်မဟုတ်ပေ။ ထို့အပြင် ဗီဒီယိုရိုက်ကူးမှုသည်လည်း ယခင်ကထက် ပိုမိုကောင်းမွန်လာသည်သာမက ပိုမိုရိုးရှင်းလာသည်။ OPPO ၏ နည်းပညာတီထွင်ဆန်းသစ်လုပ်ဆောင်မှုများကြောင့် OPPO Reno3 | Reno3 Pro တို့သည် ဝယ်ယူသုံးစွဲသူများအတွက် မနက်အရုဏ်ဦး နေရောင်ခြည်မှအစ ညအချိန် ကြယ်များ ရိုက်ကူးနိုင်သည်အထိ သဘာဝတရား၏ အလှတရားများကို ရိုက်ကူးနိုင်အောင် လုပ်ဆောင်ပေးသည်။

ပထမဦးဆုံး 44MP + 2MP Dual Punch-hole Camera

OPPO Reno3 | Reno3 Pro တို့၏ OLED မျက်နှာပြင်တွင် ကမ္ဘာ့ပထမဆုံးသော 44MP + 2MP အရည်အသွေးရှိ Punch-Hole ရှေ့ကင်မရာ နှစ်ပေါက်ပါဝင်မည်ဖြစ်ပြီး ပေါ့ပါးသွက်လက်ရုံသာမက ဓာတ်ပုံစွမ်းဆောင်ရည်ကို ပိုမိုသာလွန် စေမည်ဖြစ်သည်။

44MP စွမ်းရည်ရှိ Main ကင်မရာသည် ဆယ်လ်ဖီရိုက်ရာတွင် လူ၏ မျက်နှာသွင်ပြင်ပုံသဏ္ဍာန်အနေအထားနှင့် ပိုမို လိုက်ဖက်သည့် ပြင်ဆင်ခြယ်သမှုများပြလုပ်ပေးနိုင်သော အရည်အသွေးမြင့်သည့် အသေးစိတ်ပြင်ဆင်ခြင်းများ ပါဝင်မည် ဖြစ်သည်။ Binocular Bokeh Application နှင့်အတူ အရှေ့ဘက်ကင်မရာနှင့် Bokeh ကင်မရာသည် Selfie စွမ်းဆောင်ရည်ကို ထပ်မံ၍ အထူးပိုမိုကောင်းမွန်လာစေမည်ဖြစ်သည်။ Punch-Hole ကင်မရာ နှစ်ခု၏ ဒီဇိုင်းသည် ပိုမို ကောင်းမွန်သော Selfie ရိုက်ကူးခြင်းကို ပေးစွမ်းသည်သာမက ကိုင်တွယ်အသုံးပြုရာတွင်လည်း အထူးကောင်းမွန်သော ခံစားချက်ကို ပိုင်ဆိုင်ရရှိစေမည်ဖြစ်သည်။ ထို့အပြင် ပိုမိုပါးလွှာကာ ပေါ့ပါးသွက်လက်စေရုံသာမက လက်ထဲတွင် တစ်သားတည်းကျမည့် ကိုယ်ထည်ဖြင့် မိတ်ဆက်လာခြင်းဖြစ်သည်။

အားကောင်းသော Zoom ချဲ့ထွင်နိုင်မှု နည်းပညာပေါ် အခြေခံပြီး ရရှိလာသော တိုးတက်ပြောင်းလဲမှုများ

OPPO Reno3 | Reno3 Pro တို့သည် ဖုန်းဓာတ်ပုံရိုက်ကူးမှုနည်းပညာကို တမူထူးခြားသည့် အနီးကပ် Zoom ချဲ့ လုပ်ဆောင်ချက်ကြောင့် ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။ OPPP သည် ဖုန်းဓာတ်ပုံရိုက်ကူးမှုနယ်ပယ်တွင် စွန့်ဦး တီထွင်ဖြစ်သည်နှင့်အညီ ဈေးကွက်ကိုထိုးဖောက်လာမည့် အနီးကပ် Zoom ချဲ့နိုင်သည့်နည်းပညာ စွမ်းဆောင်ရည်နှင့် ပက်သက်ပြီး ရေရှည်တည့်တံ့ခိုင်မြဲသည့် ရင်းနှီးမြှုပ်နှံမှုများကို အစဉ်တစိုက် ပြုလုပ်လျက်ရှိသည်။ MWC 2017 တွင် OPPO 5x Lossles Zoom ကို ပထမဆုံးမိတ်ဆက်ပေးသည့် အချိန်မှ စတင်၍ ကုမ္ပဏီသည် စမ်းသပ်ထုတ်လုပ်မှု ၃ ခေါက် ပြုလုပ်ခဲ့ပြီးနောက် ပါးလွှာသော ကိုယ်ထည်ထဲထည့်ကာ တစ်ကမ္ဘာလုံးမှ သုံးစွဲသူများအတွက် မိတ်ဆက်ပေးနိုင်ခဲ့သည်။

OPPO Reno3 Pro သည် နေ့စဉ်ဘဝများဆီသို့ ပိုမိုကောင်းမွန်သည့် နည်းပညာများနှင့် စိန်ခေါ်မှုများကို သယ်ဆောင် လာမည်ဖြစ်သည်။ OPPO Reno3 Pro တွင် 2x Optical Zoom, 5x Hybrid Optical Zoom နှင့် အများဆုံးပါဝင်သော 20x Digital Zoom သည် မည်သည့်အကွာအဝေးမှ ချိန်သည်ဖြစ်စေ Noise နည်းနည်းဖြင့် ကြည်လင်ပြတ်သားသော ပုံရိပ်များကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။ ဘက်စုံသုံးနိုင်သည့် စွမ်းဆောင်ရည်များနှင့်အညီ ၁၀ မီတာအကွာအဝေးမှ စာလုံးကို ကြည်လင်စွာ မြင်ရနိုင်သည်အထိ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

အစွမ်းထက်သည့် 64MP Zoom Quadcam နှင့် Ultra Dark Mode ပါ၀င်သော OPPO Reno3 Pro

OPPO Reno3 Pro သည် ဘက်စုံအသုံးပြုနိုင်ပြီး မည်သည့်အခြေအနေတွင်မဆို လွယ်ကူချောမွေ့စွာ ရိုက်ကူးနိုင်သော 64MP Zoom Quadcam ကို ထည့်သွင်းထားသည်။ စွမ်းရည်မြင့် 64MP Ultra-clear Main ကင်မရာသည် ကြည်လင် တောက်ပသော ပုံရိပ်တွေကို ဖန်တီးပေးနိုင်သည့်အပြင် ပိုမိုကျယ်ပြန့်သော Zoom Range ပါဝင်ခြင်းကြောင့် ပုံရိပ်တွေကို တိကျရှင်းလင်းစွာမြင်တွေ့နိုင်မည်ဖြစ်သည်။

OPPO Reno2 ဖုန်းထက် ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်ထားသော AI-powered Ultra Dark Mode ပါဝင်သောကြောင့် အလင်းမှိန်မှိန်တွင်လည်း ရိုက်ကူး၍ အဆင်ပြေစေမည်ဖြစ်ပြီး သာမန်မျက်စိနှင့်မြင်နိုင်ရန် ခက်ခဲသော ညအလှတရားများကို ကြည်လင်ပြတ်သားစွာ ဖမ်းယူပေးနိုင်မည်ဖြစ်သည်။ OPPO သုံးစွဲသူများအပေါ် လေ့လာဆန်းစစ် တွေ့ရှိချက်များကို အခြေခံကာ Popular Scenarios များကိုလည်း ပိုမိုအဆင့်မြှင့်ပေးထားသည်။

ပုံရိပ်များကို အသေးစိတ်မြင်နိုင်ရန် ကူညီပေးသည့် ကြည်လင်ပြတ်သားသော 108MP

OPPO Reno3 Pro တွင် ပုံရိပ်များကို အထူး ကြည်လင်ပြတ်သားစေသော 108 MP ကို မိတ်ဆက်ပေးထားသည်။ OPPO Reno3 Pro သည် 64 MP Ultra-Clear Main ကင်မရာအပြင် ပုံရိပ်အရည်အသွေး ပိုမိုကောင်းမွန်စေရန် နည်းပညာသစ်များ အသုံးပြုကာ စျေးကွက်တွင် စတင်ဝင်ရောက်လာခဲ့သည်။ ထို့ပြင် Ultra Clear 108MP သည် ရိုက်ကူးထားသော ပုံရိပ်များကို သက်ဝင်နေသည့် ပုံရိပ်များဖြစ်အောင်စွမ်းဆောင်ပေးရုံသာမက ကြည်လင်ပြတ်သားစွာနှင့် အရည်အသွေးမြင့်စွာ စွမ်းဆောင်ပေးမည်ဖြစ်သည်။ ၎င်း၏ အဆင့် တိုးမြှင့်ထားသော Dynamic Range ကြောင့် ဖုန်းမျက်နှာပြင်ပေါ်တွင် ပုံရိပ်ကို အသေးစိတ် ပေါ်လွင်စေမည်ဖြစ်သည်။

ပိုမို ထူးခြားဆန်းသစ်သော ပါ၀င်မှုများကို မြန်မာနိုင်ငံတွင် မတ်လ ၁၈ ရက်တွင် ပြုလုပ်မည့် Online တိုက်ရိုက် မိတ်ဆက်ပွဲ၌ တင်ဆက်ဖော်ပြပေးသွားမည်ဖြစ်သည်။

Source – OPPO