[Zawgyi]

စမတ္ဖုန္း ကုမၸဏီႀကီးေတြနဲ႔ တျခား နာမည္ႀကီး အမွတ္တံဆိပ္ေတြ၊ ကားကုမၸဏီေတြ ပူးတြဲၿပီး ထုတ္လုပ္တဲ့ Limited Edition စမတ္ဖုန္းေတြဟာ ယေန႔ေခတ္ စမတ္ဖုန္းေလာကထဲမွာ ေရပန္းစာလ်က္ ရွိပါတယ္။ မၾကာေသးခင္က ျမန္မာႏိုင္ငံမွာ F11 Pro ကို Avengers Limited Edition ဆိုၿပီး မိတ္ဆက္သြားခဲ့တဲ့ Oppo ဟာ ယခုအခါမွာလည္း Limited Edition စမတ္ဖုန္း ထပ္မံ မိတ္ဆက္ဖို႔ ျပင္ဆင္ေနပါတယ္။

Oppo ဟာ Gundam နဲ႔ ပူးေပါင္းၿပီး Oppo Reno Gundam Edition စမတ္ဖုန္းကို မိတ္ဆက္ဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ အဆိုပါ Edition စမတ္ဖုန္းနဲ႔ ပတ္သက္ၿပီး Oppo ဘက္က အတည္အလင္း ထုတ္ေဖာ္ေျပာၾကားခ်က္ေတြ မရွိေသးေပမယ့္ Ice Universe ကေတာ့ အသစ္ထြက္ရွိလာမယ့္ Edition စမတ္ဖုန္းရဲ႕ Render ဓာတ္ပုံကို အြန္လိုင္းေပၚမွာ လႊင့္တင္လာခဲ့ပါတယ္။

 

Ice Universe ကေန တစ္ဆင့္ ထြက္ေပၚလာခဲ့တဲ့ Render ဓာတ္ပုံအရဆိုရင္ အဆိုပါ စမတ္ဖုန္းရဲ႕ အထက္/ေအာက္ နဲ႔ ေဘးေဘာင္ေတြဟာ ေတာ္ေတာ္ေလး ေသးငယ္ေနတာ ေတြ႕ရၿပီး မ်က္ႏွာျပင္ခုံး ( Curved ) Display အမ်ိဴးအစားကို အသုံးျပဳထားတယ္လို႔ ယူဆရပါတယ္။ ဒါ့အျပင္ Selfie Camera အတြက္ Oppo ရဲ႕ ဓေလ့ထုံးစံအတိုင္း Waterdrop Notch ၊ ႐ိုး႐ိုး Pop-up Camera နဲ႔ ငါးမန္းေတာင္ပံလို တေစာင္းေလးထြက္လာတဲ့ Pop-up Camera ေတြကို အသုံးျပဳမထားဘဲ Punch-hole ကိုသာ အသုံးျပဳထားတာ ေတြ႕ရပါတယ္။

ေနာက္ေက်ာဘက္မွာေတာ့ Gundam စက္႐ုပ္မ်က္ႏွာကို အနက္ေရာင္ကိုယ္ထည္ေပၚမွာ ျခယ္သထားၿပီး၊ Oppo Logo နဲ႔အတူ Dual Camera Setup ကို ေဒါင္လိုက္ တပ္ဆင္ထားပါတယ္။ စက္႐ုပ္မ်က္ႏွာနဲ႔ Dual Camera အထားအသိုေလးေတြက လိုက္ဖက္ေနတဲ့အျပင္ အျဖဴ၊ အမည္း အေရာင္ ၂မ်ိဴးတည္းသာ စပ္ထားတဲ့ ဒီဇိုင္းကလည္း ေတာ္ေတာ္ေလးကို လန္းလွပါတယ္။

Fingerprint Sensor ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားတာ မေတြ႕ရတဲ့အတြက္ In-display Fingerprint Sensor ကို အသုံးျပဳထားတယ္လို႔ ယူဆရပါတယ္။ အထဲမွာ ထည့္သြင္းတပ္ဆင္ထားမယ့္ Specifiactions ေတြကိုေတာ့ အတိအက် မသိရေသးပါဘူး။ ဒါေပမယ့္ Renders ဓာတ္ပုံေတာင္ ေပၚထြက္လာၿပီဆိုေတာ့ Oppo Reno Gundam Edition စမတ္ဖုန္းကို သိပ္မၾကာခင္မွာ မိတ္ဆက္ေတာ့မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref : Gizmochina

[Unicode]

လန်ပြန်ထွက်နေတဲ့ ဒီဇိုင်းနဲ့ Oppo Reno Gundam Edition စမတ်ဖုန်း

စမတ်ဖုန်း ကုမ္ပဏီကြီးတွေနဲ့ တခြား နာမည်ကြီး အမှတ်တံဆိပ်တွေ၊ ကားကုမ္ပဏီတွေ ပူးတွဲပြီး ထုတ်လုပ်တဲ့ Limited Edition စမတ်ဖုန်းတွေဟာ ယနေ့ခေတ် စမတ်ဖုန်းလောကထဲမှာ ရေပန်းစာလျက် ရှိပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံမှာ F11 Pro ကို Avengers Limited Edition ဆိုပြီး မိတ်ဆက်သွားခဲ့တဲ့ Oppo ဟာ ယခုအခါမှာလည်း Limited Edition စမတ်ဖုန်း ထပ်မံ မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။

Oppo ဟာ Gundam နဲ့ ပူးပေါင်းပြီး Oppo Reno Gundam Edition စမတ်ဖုန်းကို မိတ်ဆက်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အဆိုပါ Edition စမတ်ဖုန်းနဲ့ ပတ်သက်ပြီး Oppo ဘက်က အတည်အလင်း ထုတ်ဖော်ပြောကြားချက်တွေ မရှိသေးပေမယ့် Ice Universe ကတော့ အသစ်ထွက်ရှိလာမယ့် Edition စမတ်ဖုန်းရဲ့ Render ဓာတ်ပုံကို အွန်လိုင်းပေါ်မှာ လွှင့်တင်လာခဲ့ပါတယ်။

Ice Universe ကနေ တစ်ဆင့် ထွက်ပေါ်လာခဲ့တဲ့ Render ဓာတ်ပုံအရဆိုရင် အဆိုပါ စမတ်ဖုန်းရဲ့ အထက်/အောက် နဲ့ ဘေးဘောင်တွေဟာ တော်တော်လေး သေးငယ်နေတာ တွေ့ရပြီး မျက်နှာပြင်ခုံး ( Curved ) Display အမျိူးအစားကို အသုံးပြုထားတယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် Selfie Camera အတွက် Oppo ရဲ့ ဓလေ့ထုံးစံအတိုင်း Waterdrop Notch ၊ ရိုးရိုး Pop-up Camera နဲ့ ငါးမန်းတောင်ပံလို တစောင်းလေးထွက်လာတဲ့ Pop-up Camera တွေကို အသုံးပြုမထားဘဲ Punch-hole ကိုသာ အသုံးပြုထားတာ တွေ့ရပါတယ်။

နောက်ကျောဘက်မှာတော့ Gundam စက်ရုပ်မျက်နှာကို အနက်ရောင်ကိုယ်ထည်ပေါ်မှာ ခြယ်သထားပြီး၊ Oppo Logo နဲ့အတူ Dual Camera Setup ကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ စက်ရုပ်မျက်နှာနဲ့ Dual Camera အထားအသိုလေးတွေက လိုက်ဖက်နေတဲ့အပြင် အဖြူ၊ အမည်း အရောင် ၂မျိူးတည်းသာ စပ်ထားတဲ့ ဒီဇိုင်းကလည်း တော်တော်လေးကို လန်းလှပါတယ်။

Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ထားတာ မတွေ့ရတဲ့အတွက် In-display Fingerprint Sensor ကို အသုံးပြုထားတယ်လို့ ယူဆရပါတယ်။ အထဲမှာ ထည့်သွင်းတပ်ဆင်ထားမယ့် Specifiactions တွေကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် Renders ဓာတ်ပုံတောင် ပေါ်ထွက်လာပြီဆိုတော့ Oppo Reno Gundam Edition စမတ်ဖုန်းကို သိပ်မကြာခင်မှာ မိတ်ဆက်တော့မယ်လို့ မျှော်လင့်ရပါတယ်။

Ref : Gizmochina