OPPO က Reno11 Series ရဲ့ တတိယမြောက် ဖုန်း ဖြစ်တဲ့ Reno11 F ကို ကြေညာလိုက်ပါတယ်။ 6.7” 120Hz FullHD+ OLED မျက်နှာပြင် တပ်ဆင်ထားပြီး Panda Glass နဲ့ ကာကွယ်ထားပါတယ်။ Peak Brightness က 1,100 Nits ဖြစ်ပြီး HDR10+ Support ပါပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာမြှုပ်နှံထားပြီး Punch Hole မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

Oppo Reno11 F arrives with Dimensity 7050, 64MP camera, and 120Hz screen

OPPO Reno11 F ရဲ့ အနောက်ဘက်မှာ 64MP Main (OIS), 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး ပါလာပါတယ်။ Dimensity 7050 SoC မောင်းနှင်ထားပြီး 8GB RAM ထည့်ထားပါတယ်။ Android 14 အခြေပြု ColorOS 14 မောင်းနှင်ထားပြီး 256GB Storage ပါပါတယ်။ 2TB microSD Card စိုက်နိုင်ပါတယ်။

67W Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပြီး အားအပြည့်သွင်းဖို့ ၄၈ မိနစ်ပဲ ကြာပါတယ်။ IP65 Rating , 5G , NFC နဲ့ USB-C စတဲ့ လုပ်ဆောင်ချက်တွေ ပါပါတယ်။

OPPO Reno11 F Officially Launches With Dimensity 7050, 64MP Camera - Lowyat.NET

OPPO Reno11 F မှာ Clear Voice Mode, LinkBoost နဲ့ Ultra-Volume Mode တွေ ပါပါတယ်။ Clear Voice Mode မှာ ပတ်ဝန်းကျင်က အသံတွေကို 40dB အထိ လျှော့ချပေးနိုင်တဲ့ Noise Canceling ပါပါတယ်။ ဖုန်းပြောရင် အသံကြည်လင်ပြတ်သားမှုက ၄၀ ရာခိုင်နှုန်း ပိုကောင်းပါတယ်။ Ultra-Volume Mode က အသံကို ၃၀၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပါတယ်။

OPPO Reno11 F အတွက် Palm Green, Ocean Blue နဲ့ Coral Purple အရောင်တွေ ထုတ်လုပ်ပေးထားပြီး ထိုင်းမှာ ဘတ် ၁၀,၉၉၀ (၃၀၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Ref : gsmarena