ဒီဇင်ဘာလမှာ OPPO က တရုတ်မှာ Reno3 နဲ့ Reno3 Pro 5G ကို ကြေညာခဲ့ပြီး ကမ္ဘာအဝန်းမှာ 5G မပါတဲ့ Pro Version ကို ပြီးခဲ့တဲ့ ၁ ပတ်ကမှ ဝယ်ယူနိုင်ခဲ့ပါတယ်။ အဲဒီ Version မှာ Dual Punch-hole ဆဲလ်ဖီး ကင်မရာ၊ Helio P95 Chipset နဲ့ 64MP Main ကင်မရာတွေ ထည့်သွင်းထားပါတယ်။

ရိုးရိုး Reno3 Global Version ရဲ့ Specs တွေ ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်လာခဲ့ပါတယ်။ အခုတော့ OPPO က အဲဒီ စမတ်ဖုန်းရဲ့ Teaser ဗီဒီယို ၁ ခုကို မျှဝေလိုက်ပြီး မတ်လ ၁၆ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းပေးလိုက်ပါတယ်။ OPPO က Official Facebook Account ကနေ ဗီဒီယိုကို မျှဝေလိုက်တာ ဖြစ်ပါတယ်။

အရင်ထွက်ခဲ့တဲ့ သတင်းအရ OPPO Reno3 Global Version မှာ ၆.၄ လက်မ FHD+ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 44MP ဆဲလ်ဖီး ကင်မရာကို အရွယ်သေး Notch မှာ တပ်ဆင်ထားနိုင်ပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ အာရုံခံ ကိရိယာမြှပ်နှံထားမှာပါ။

အနောက်ဘက်မှာ 48MP Main , 13MP Telephoto , 8MP Ultrawide နဲ့ 2MP Monochrome ကင်မရာ ၄ လုံး ထည့်သွင်းထားနိုင်ပါတယ်။ Helio P90 Chipset မောင်းနှင်ထားနိုင်ပြီး 8GB RAM နဲ့ 4,025mAh ဘက်ထရီတွေ ပါလာနိုင်ပါတယ်။

Ref : gsmarena