OPPO ဟာ Reno5 5G စီးရီးကို တရုတ်ပြည်တွင်းဈေးကွက်မှာပဲ ဖြန့်ချိမှာ ဖြစ်ပါတယ်။ နိုင်ငံတကာဈေးကွက်မှာတော့ Reno 5 5G စီးရီးအပြင် Reno5 4G ဗားရှင်းကိုလည်း ဖြန့်ချိမယ်လို့ သိရပါတယ်။ ဒီ 4G ဗားရှင်းအတွက်လည်း နိုင်ငံအတော်များများမှာ အသိအမှတ်ပြုလက်မှတ်တွေ ရရှိထားပြီး ဖြစ်ပါတယ်။

သတင်းယိုစိမ့်မှုတွေအရ Reno5 4G ရဲ့ အဓိကအချက်အလက်အချို့ကို သိနိုင်ပြီဖြစ်ပါတယ်။ ဒီဟန်းဆက်ဟာ 6.43-inch AMOLED FHD+ display နဲ့ဖြစ်ပြီး 90Hz refresh rate ကို ထောက်ပံ့ထားတယ်လို့ သိရပါတယ်။ OPPO ဟာ Reno5 4G ကို ပြီးခဲ့တဲ့ ဇူလိုင်လက ဖြန့်ချိခဲ့တဲ့ Reno4 4G လိုပဲ Snapdragon 720G နဲ့ တင်ပို့ရောင်းချမယ်လို့ ဆိုပါတယ်။

Reno5 4G ဗားရှင်းမှာ 8GB of RAM နဲ့ 128GB of storage ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။ ပေါက်ကြားသတင်းတွေအရတော့ ဟန်းဆက်ဟာ ကျောဘက်မှာ ကင်မရာလေးလုံးတပ်ဆင်ထားမယ်လို့ သိရပါတယ်။ 64MP အဓိကကင်မရာနဲ့ 8MP (ultra-wide) အပြင် 2MP sensor နှစ်ခုလည်း ပါဝင်မှာ ဖြစ်ပါတယ်။ အရှေ့ဘက်မှာတော့ မျက်နှာပြင်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole နဲ့အတူ 44MP selfie ကင်မရာကို တပ်ဆင်ပေးထားမယ်လို့ ဆိုပါတယ်။

ဘက်ထရီကိုတော့ 4,310mAh ပမာဏ တပ်ဆင်ပေးထားပြီး 50W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့မျိုးဆက်ရဲ့ 30W အမြန်အားသွင်းစနစ်နဲ့နှိုင်းယှဉ်ရင် အတော်လေးခုန်တက်သွားတယ်လို့ ဆိုရပါလိမ့်မယ်။ Reno 5 4G ထွက်မယ့်ရက်ကို မသိရသေးပေမယ့် ဒီနှစ်မကုန်ခင် ဖြန့်ချိမယ်လို့တော့ မျှော်လင့်ရပါတယ်။

Ref: Gizmochina