OPPO ဟာ ယခု ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ တရုတ်နိုင်ငံအတွက် Reno5 5G Series စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Global စျေးကွက်အတွက်လည်း Reno5 5G Series ဖုန်းတွေကို ယခုလအတွင်းမှာပဲ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံအတွက် Reno5 5G စမတ်ဖုန်းဟာ Qualdcomm Snapdragon 765G ကို အသုံးပြုထားပြီးတော့ Reno5 Pro 5G ဖုန်းကတော့ MediaTek Dimensity 1000+ Chipset ကို အသီးသီးအသုံးပြုလာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Global စျေးကွက်အတွက် Reno5 Pro 5G ဖုန်းကိုတော့ MediaTek Dimensity 1000+ Chipset ကို အသုံးပြုလာမှာမဟုတ်ပါဘူး။

အဲ့ဒီအစား Reno5 Pro 5G စမတ်ဖုန်းဟာ Global စျေးကွက်မှာ တရုတ်နိုင်ငံရဲ့ Reno5 5G လိုမျိုးပဲ Qualcomm Snapdragon 765G Chipset ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ 2nd Generation SuperVOOC 65W Fast Charging ကိုလည်း Support ပြုလုပ်လာမှာပါ။

ဒီလိုမျိုး Reno5 Pro 5G Global Edition ဖုန်းက Snapdragon 765G Chipset ကို အသုံးပြုလိုက်တဲ့အတွက် Reno5 5G Global Edition မှာ Snapdragon 720 Chipset ကိုပဲ အသုံးပြုလာတော့မှာဖြစ်ပါတယ်။ Fast Charging ပိုင်းမှာလည်း 1st Generation SuperVOOC 50W Charging ကိုပဲ ထည့်သွင်းလာမှာပါ။

ဘာပဲဖြစ်ဖြစ် တရုတ်နိုင်ငံအတွက် Reno5 5G Series စမတ်ဖုန်းတွေဟာ Global Edition ထက် စွမ်းဆောင်ရည်ပိုင်းမှာ ပိုသာနေမှာဖြစ်သလို Reno5 Pro+ 5G ဆိုပြီး Qualcomm Snapdragon 865 Chipset ကို အသုံးပြုထားတဲ့ Version ကိုပါ မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။ OPPO အနေနဲ့ ဘာကြောင့် အခုလိုမျိုး တရုတ်နိုင်ငံနဲ့ Global Version ကို ခွဲခြားထားသလဲဆိုတာကိုတော့ အတိအကျမသိရပေမယ့် ပြီးခဲ့တဲ့ Reno4 Series ဖုန်းတွေတုန်းကလည်း အလားတူစွမ်းဆောင်ရည်ပိုင်း ကွာခြားမှုတွေရှိနေခဲ့တာဖြစ်ပါတယ်။

Ref – Gizmo China