OPPO က စွမ်းရည်မြင့် Reno5 Pro+ 5G ကို ကြေညာလိုက်ပါတယ်။  အဲဒီဖုန်းရဲ့ အမိုက်စား အစိတ်အပိုင်းက ကင်မရာတွေ ဖြစ်ပြီး ပင်မ IMX766 Sensor ကို Sony နဲ့ ပူးပေါင်း ထုတ်လုပ်ထားပါတယ်။ အဲဒီ Sensor က IMX586 Sensor ထက် အလင်းရောင်ကို ၆၃.၈ ရာခိုင်နှုန်း ပိုမို ဖမ်းယူနိုင်တဲ့အတွက် ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ပိုမို ကြည်လင်ပြတ်သားမှာပါ။

OPPO

အနောက်ဘက်မှာ 50MP ပင်မ , 16MP Ultrawide , 13MP Telephoto နဲ့ 2MP Macro ကင်မရာ ၄ လုံးပါလာပြီး Telephoto Lens က 5x Hybrid Zoomကို ထောက်ပံ့ထားပါတယ်။ DOL-HDR (Digital Overlay Dynamic Range Technology) ပါတဲ့အတွက် Dynamic Range ပိုကောင်းလာသလို ဓါတ်ပုံနဲ့ ဗီဒီယို အရည်အသွေးကိုလည်း မြင့်မားစေပါတယ်။

OPPO

အရှေ့ဘက်မှာ 32MP Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားပြီး Full Pixel Omnidirectional Focusing နည်းပညာ ပါတဲ့အတွက် Focusing ပိုမြန် ပိုတိကျလာပါတယ်။ ဒါ့အပြင် ဗီဒီယို ရိုက်ကူးတဲ့အခါမှာ Stabilization ပိုကောင်းစေတဲ့ ဗီဒီယို Lock Tracking ထောက်ပံ့ပေးပါတယ်။

OPPO Reno5 Pro+ 5G မှာ ၆.၅ လက်မ FHD+ မျက်နှာပြင်ကွေး ပါလာပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Snapdragon 865 SoC မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။ 65W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ပါလာပြီး အပူချိန် လျှော့ချပေးဖို့ Three Dimensional VC Liquid Cooling စနစ် ထည့်သွင်းထားပါတယ်။

8/128GB ကို ၃,၉၉၉ ယွမ်နဲ့ 12/256GB ကို ၄,၄၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်း ၁ သောင်းနဲ့  ၉ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ အနက်နဲ့ အဖြူရောင် ထုတ်လုပ်ထားပြီး ဒီလ ၂၉ ရက်နေ့ ရောင်းမှာပါ။

Ref : gizmochina