OPPO ဟာ Reno5 5G နဲ့ Reno5 Pro 5G တို့ကို လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မိတ်ဆက်မှာဖြစ်ပါတယ်။ တရုတ်စမတ်ဖုန်းထုတ်လုပ်သူဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက ထုတ်ကုန်သစ် ပုံရိပ်တွေကို တရားဝင်ဝက်ဘ်ဆိုက်မှာ လွှင့်တင်ခဲ့ပြီး Specs အနည်းငယ်ကိုလည်း ဖော်ပြခဲ့ပါတယ်။
အခုအချိန်ထိ သေချာနေတာက OPPO vanilla Reno5 5G နဲ့ Reno5 Pro 5G တို့ဖြစ်ပေမယ့် Reno5 Pro+ 5G ကိုလည်း ပွဲထုတ်လာဦးမယ်လို့ ကောလာဟလထွက်လာပါတယ်။ ကုမ္ပဏီဘက်ကတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာတစ်ခွန်းမှ မပြောသေးပေမယ့် Weibo မှာတော့ ဒီဟန်းဆက်သစ်ရဲ့ ဒီဇိုင်းနဲ့ အချက်အလက်အချို့ကိုတောင် ဖော်ပြနေတာကိုလည်း တွေ့မြင်ရပါတယ်။
Reno5 Pro+ 5G ရဲ့ အနောက်ဘက် Panel ဟာ Reno5 5G, Reno5 Pro 5G တွေနဲ့ ဆင်တူနေပါတယ်။ နောက်ကျောဘက်မှာ ကင်မရာလေးလုံးတပ်ဆင်ထားပေမယ့် ပထမကင်မရာရဲ့ ညာဘက်ခြမ်းက ကင်မရာကတော့ လေးထောင့်ပုံစံဖြစ်ပါတယ်။ ဒါကြောင့် 2x optical zoom ပါဝင်တဲ့ 12MP telephoto module တစ်ခုဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။
အဓိကကင်မရာက 50MP Sony IMX7xx စီးရီး Sensor ကို အသုံးပြုထားတယ်လို့ဆိုပါတယ်။ တတိယတစ်ခုက 16MP Ultra-wide angle ယူနစ်ဖြစ်ပေမယ့် စတုတ္ထမြောက်ကင်မရာအကြောင်းကိုတော့ မသိရသေးပါဘူး။ Reno5 Pro+ 5G မှာ Snapdragon 865 SoC အသုံးပြုထားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Plain leather back ဗားရှင်းလည်း ထွက်လာမယ်လို့ ဆိုထားပါသေးတယ်။
Ref: GSM Arena