OPPO ဟာ Reno5 5G နဲ့ Reno5 Pro 5G ကိုပဲကြေညာခဲ့ပါတယ်။ Lineup သစ်ထဲမှာ ကျန်တဲ့မိသားစုဝင်ဖြစ်တဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးလို့ဆိုရမယ့် OPPO Reno5 Pro+ ကိုတော့ Teaser ပဲ ပေးသွားပါသေးတယ်။ ဒါပေမယ့် Reno5 Pro+ ကို လာမယ့် ရက်သတ္တပတ် နှစ်ပတ်အတွင်း မြင်တွေ့ရမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ချန်လှပ်ခံခဲ့ရတဲ့ Reno5 Pro+ ကို လာမယ့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာကြေညာမှာပါ။ ကုမ္ပဏီက တရားဝင် မကြေညာသေးပေမယ့် ဒီ ဟန်းဆက်နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကိုတော့ သိရှိနေနှင့်ပြီး ဖြစ်ပါတယ်။ သတင်းတွေအရ Reno5 Pro+ ဟာ Snapdragon 865 SoC ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

မျက်နှာပြင်ကတော့ 6.55-inch, Super AMOLED ဖြစ်ပြီး၊ 1080 x 2400px resolution နဲ့ 90Hz refresh rate ကို ထောက်ပံ့ပေးထားပါတယ်။ အပေါ်ထောင့်မှာတော့ Punch-hole ဖောက်ထားတာလည်း ဖြစ်ပါတယ်။ ကျောဘက်မှာတော့ Sony IMX766 sensor နဲ့ 50MP အဓိက ကင်မရာလို့ သိရပါတယ်။ Ultra-wide ဟာ 16MP sensor ဖြစ်ပြီး telephoto ကတော့ 13MP ဖြစ်မယ်လို့လည်း ဆိုပါတယ်။

ကင်မရာတွေအကြောင်းကို အသေးစိတ်မသိရသေးပေမယ့် 2X optical zoom camera ပါဝင်လာနိုင်တယ်လို့ သုံးသပ်ရပါတယ်။ နောက်ဆုံး Sensor ကတော့ 2MP Macro ဖြစ်နိုင်ပါတယ်။ ဘက်ထရီက 4,500mAh ပမာဏကို တပ်ဆင်ထားပြီး OPPO ရဲ့ 65W SuperVOOC fast charging နည်းပညာကို ထောက်ပံ့ပေးထားမယ်လို့လည်း သိရပါတယ်။

Ref: GSM Arena