ပြီးခဲ့တဲ့ ရက်ပိုင်းက OPPO F21 5G ရဲ့ အိန္ဒိယ ရောင်းဈေး ထွက်ပေါ်လာခဲ့ပါတယ်။ အခုတော့ ယုံကြည်ရတဲ့ Tipster ၁ ယောက်က အဲဒီ ဖုန်းကို ဥရောပမှာ OPPO Reno7 Lite 5G နာမည်နဲ့ ရောင်းချမယ်လို့ ပြောပါတယ်။

OPPO Reno7 Z 5G

MySmartPrice က Tipster Sudhanshu Ambhore ဟာ OPPO Reno7 Lite 5G ရဲ့ ဈေးနှုန်း၊ Specs နဲ့ အရောင်တွေကို မျှဝေထားတယ်လို့ ပြောပါတယ်။ အဲဒီဖုန်းရဲ့ Specs တွေဟာ မကြာခင် အိန္ဒိယမှာ ကြေညာတော့မယ့် OPPO F21 5G နဲ့ တူညီပါတယ်။

Oppo F21 Pro and Reno7 Lite 5G specs and prices surface ahead of launch - GSMArena.com news

OPPO Reno7 Lite 5G မှာ ၆.၄၃ လက်မ AMOLED Full HD+ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 64MP Main , 2MP Depth နဲ့ 2MP Macro ကင်မရာ ၃ လုံး ထည့်သွင်းထားမှာ ဖြစ်ကာ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာမှာပါ။

Snapdragon 695 SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားမှာပါ။ Android 12 အခြေပြု ColorOS 12.1 ပါလာမှာ ဖြစ်ပြီး 33W Rapid Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ထည့်သွင်းထားမှာပါ။ အရွယ်အစား  အပြည့်အစုံက 159.9 x 73.2 x 7.5 mm ဖြစ်ပြီး အလေးချိန်က ၁၇၃ ဂရမ် ရှိမှာပါ။

ဥရောပမှာ OPPO Reno7 Lite 5G ရဲ့ 8GB/128GB မော်ဒယ်ကို ၃၅၀ ယူရို (၆၉၀,၀၀၀ ဝန်းကျင်)နဲ့ ရောင်းချမှာ ဖြစ်ပြီး အပြာနဲ့ အနက် ၂ ရောင် ထုတ်လုပ်ထားမှာပါ။

Ref : gizmochina