OPPO က Reno7 Lite 5G ကို ကြေညာလိုက်ပြီး တကယ်တော့ ဖုန်း အသစ် မဟုတ်ဘဲ Reno7 Z 5G ကို နာမည်ပြောင်းကာ ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်း ၂ လုံးရဲ့ Specs တွေက အားလုံး တူညီကြပြီး ၆.၄၃ လက်မ 1080x2400p OLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။

Oppo Reno7 Lite 5G gets official as a rebranded Reno7 Z 5G

အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာပြီး 64MP Main , 2MP Macro နဲ့ 2MP Depth တွေ ဖြစ်ကာ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ Snapdragon 695 SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။ ColorOS 12 မောင်းနှင်ထားပြီး Rainbow Spectrum နဲ့ Cosmic Black ၂ ရောင် ထုတ်လုပ်ထားပါတယ်။

Oppo Reno 7 Lite 5G with Android 12, Snapdragon 695 SoC launched - Times of  India

Rainbow Spectrum မှာ Two-layer Coating ကို အသုံးပြုထားပြီး အခြေခံ Layer မှာ အရောင်ပြန်စေတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ နာမည်အတိုင်းပဲ သက်တန့်လို အရောင်မျိုးစုံ ပြောင်းလဲစေတဲ့အတွက် တမူထူးခြားပါတယ်။

Reno7 Lite 5G ရဲ့ အနောက်ကင်မရာ ၂ လုံးကို ဘောင်ကွပ်ထားတဲ့ Dual Orbit Lights ပါလာပြီး ပတ်ဝန်းကျင်က အလင်းရောင် ရရှိတဲ့ အခြေအနေ အပေါ် မူတည်ကာ အရောင်မျိုးစုံ ပြောင်းလဲနိုင်ပါတယ်။ ဖုန်းရဲ့ အထူက ၇.၅ မီလီမီတာပဲရှိတဲ့အတွက် အရမ်း ပါးလွှာသလို အလေးချိန်က ၁၇၃ ဂရမ် ရှိပါတယ်။ မကြာခင် ရောင်းချမှာ ဖြစ်ပြီး ကုမ္ပဏီက ဈေးနှုန်းကို မပြောသေးပါဘူး။

Ref : gsmarena