OPPO ဟာ Reno8 Series ဖုန်းတွေထဲက Reno8 4G ဖုန်းကို Indonesia စျေးကွက်အတွက် တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Reno8 Series ဖုန်းတွေထဲမှာ ၈ လုံးမြောက်ဖုန်းဖြစ်လာသလို ယခုနှစ် မတ်လပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ Reno7 ဖုန်းနဲ့လည်း အတော်များများဆင်တူနေတာကို တွေ့ရပါတယ်။

ဘာကြောင့်လဲဆိုရင် OPPO Reno8 4G ဖုန်းဟာ 6.43″Full HD+ 90Hz AMOLED Display ကို အသုံးပြုထားပြီး Selfie Camera အတွက်ကတော့ 32MP Sensor ကို Punch-hole Design ပြုလုပ်ထားတာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ 64MP Primary Sensor ကိုမှ 2MP Macro Sensor နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 680 Chipset ကို အသုံးပြုထားပြီး RAM 8GB နဲ့ 256GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ 4500mAh Battery ပါဝင်ပြီးတော့ 33W Fast Charging ကို Support ပြုလုပ်မှာဖြစ်ပါတယ်။

Software ပိုင်းအနေနဲ့ကတော့ Android 12 OS ကို အခြေခံထားတဲ့ ColorOS 12.1 ကို အသုံးပြုထားမှာဖြစ်ပြီး အရောင်အနေနဲ့ကတော့ Dawnlight Gold နဲ့ Starlight Black ဆိုပြီး ၂ မျိုး မိတ်ဆက်ထားတာကိုတွေ့ရပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ IDR 4,999,000 (မြန်မာငွေ ၇ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပြီး လာမယ့်စက်တင်ဘာလ ၁ ရက်နေ့မှာ Philippines နိုင်ငံအတွက်ပါ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Ref – GSM Arena