OPPO ဟာ တရုတ်နိုင်ငံ ရှန်ဇန်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ Future Technology Conference 2019 မှာ မျက်နှာပြင်အောက် ကင်မရာပါတဲ့ စမတ်ဖုန်း နမူနာ မော်ဒယ်ကို ပထမဆုံး အကြိမ် ပြသခဲ့ဖူးပါတယ်။ အခုလည်း မျက်နှာပြင်အောက် ကင်မရာ နည်းပညာ ပါတဲ့ OPPO စမတ်ဖုန်းရဲ့ ဓါတ်ပုံ ၁ ပုံ ပေါက်ကြားထွက်ပေါ်လာပါတယ်။

ZTE ဟာ မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း အဖြစ် Axon 20 5G နဲ့ သမိုင်းမှတ်တိုင် ရေးထိုးနိုင်ခဲ့ပါတယ်။ အဲဒီ ဖုန်းဟာ စွမ်းဆောင်ရည်သင့် အမျိုးအစား ဖြစ်ပြီး မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာရဲ့ စွမ်းရည်ဟာ သိပ်မကောင်းဘူးလို့ ဝေဖန်သုံးသပ်သူတွေက ပြောနေကြပါတယ်။ OPPO ကတော့ မျက်နှာပြင်အောက် ဆဲလ်ဖီးကင်မရာ စွမ်းရည်ကို ပိုကောင်းအောင် ပြုလုပ်ထားနိုင်ပါတယ်။

Oppo unveils the world's first under-screen selfie camera - The Verge

OPPO ရဲ့ စမတ်ဖုန်းဟာ Notch မပါတဲ့ Full Screen ဒီဇိုင်းကို အသုံးပြုထားပြီး ကင်မရာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားမှာ ဖြစ်ပါတယ်။ အနောက်ဘက် ဒီဇိုင်းကို ဓါတ်ပုံမှာ မပြသထားပေမယ့် OPPO မှတ်ပုံတင်ထားတဲ့ Patent အရ စက်ဝိုင်းပုံ ကင်မရာ ဒီဇိုင်း အသုံးပြုထားမှာပါ။ လက်ရှိမှာ အဲဒီ ကင်မရာ ဒီဇိုင်း သုံးထားတဲ့ OPPO ဖုန်းဆိုလို့ Ace 2 ပဲ ရှိပါတယ်။ အဲဒီအတွက် မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ ဖုန်းဟာ Ace 3 ဖြစ်နိုင်ပါတယ်။

Xiaomi ကလည်း အလားတူ မျက်နှာပြင်အောက် ကင်မရာ နည်းပညာကို ဖန်တီးနေပြီး နောက်နှစ်ကျမှ ကြေညာနိုင်ပါတယ်။ OPPO ရဲ့ အဲဒီဖုန်းဟာလည်း နောက်နှစ်ကျမှပဲ ထွက်လာနိုင်ပါတယ်။ မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ ဖုန်းတွေ နောက်နှစ်မှာ အပြိုင်အဆိုင် ကြေညာနိုင်ပါတယ်။

Ref : gizmochina