OPPO ဟာ လက်ရှိအချိန်မှာ High End Flagship Reno Series ၊ F Series ဖုန်းတွေကို မိတ်ဆက်နေသလို စျေးနှုန်းသက်သာပြီး Feature စုံလင်တဲ့ Mid Range A Series ကိုလည်း ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းအရတော့ OPPO ဟာ အဆိုပါ A Series ဖုန်းအသစ်တစ်လုံးကို High End Feature တွေနဲ့အတူ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

OPPO A Series ဖုန်းသစ်က နာမည်အနေနဲ့ ဘယ်လိုမျိုးပေးထားမလဲဆိုတာကိုတော့ မသိရသေးပေမယ့် တရုတ်နိုင်ငံတွင်း နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ပါဝင်လာမယ့် Feature တွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Digital Chat Station ရဲ့ ပြောကြားချက်အရတော့ အခု OPPO A Series ဖုန်းသစ်ဟာ 108MP Main Camera ကို အသုံးပြုထားမှာဖြစ်ပြီး Fast Charging ပိုင်းမှာလည်း 67W အထိ ထောက်ပံ့ထားမယ်လို့ သိရပါတယ်။​ ဒါတင်မဟုတ်သေးဘဲ Design ပိုင်းမှာလည်း OPPO A Series ဖုန်းတွေထဲမှာ အမြင့်မားဆုံး Screen-to-Body Ratio ပါဝင်မှာဖြစ်ပြီး အောက်ခြေဘောင်အနေနဲ့ 3.3mm ပဲရှိမှာဖြစ်ပါတယ်။

အခုလိုမျိုး High End Feature တွေကို OPPO A Series ဖုန်းမှာ အသုံးပြုလာမှာဖြစ်ပေမယ့် တစ်ဖက်မှာတော့ အဆိုပါဖုန်းမှာ အသုံးပြုထားမယ့် တခြားသော Camera Sensor တွေ၊ Display ပိုင်း၊ Design ပိုင်းနဲ့ Battery Capacity တွေကိုတော့ အတိအကျသိရှိရခြင်းမရှိသေးပါဘူး။ ဒါကြောင့် OPPO အနေနဲ့ အခု A Series ဖုန်းသစ်ကို မိတ်ဆက်ဖို့ အချိန်အနည်းငယ်ကြာမြင့်ဦးမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China