Dr. Web မှ ဆိုက်ဘာ လုံခြုံရေး ပညာရှင်တွေက SpinOk အမည်ရ Spyware အသစ်ကို Android App ၁၀၀ ကျော်မှာတွေ့ရှိခဲ့ပါတယ်။ အဲဒီ Spyware ဟာ Advertising Software Development Kit (SDK) အနေနဲ့ ဟန်ဆောင်ထားပြီး Google Play Store မှာ Download ပြုလုပ်တဲ့ အကြိမ်အရေအတွက် သန်း ၄၀၀ ကျော်သွားပါပြီ။

SpinOk ကို အင်စတောလုပ်ပြီးတာနဲ့ Android Device တွေက အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ခိုးယူပါတယ်။ ခိုးယူထားတဲ့ ဒေတာတွေကို Malware ကို ဖန်တီးထားတဲ့ ဟက်ကာတွေ ထိန်းချုပ်ထားတဲ့ Remote Server တွေဆီ ပေးပို့ပါတယ်။

SpinOk ဟာ နောက်ကွယ်မှာ အလုပ်များစွာကို ပြုလုပ်ပြီး တကယ့်ဖုန်းလားဆိုတာကို စစ်ဆေးဖို့ Gyroscope နဲ့ Magnetometer တို့လို Android Device ရဲ့ ဆန်ဆာ ဒေတာတွေကိုတောင် စစ်ဆေးနိုင်ပါတယ်။ တကယ့် ဖုန်းဆိုရင် SpinOk က ဖုန်း ပိုင်ရှင် မသိဘဲ အရေးကြီးတဲ့သတင်းအချက်အလက်တွေကို ခိုးယူပါတယ်။

အဲဒီ SDK ကို App ပေါင်း ၁၀၁ ခုမှာ တွေ့ထားပြီး Google Play Store မှာ Download အရေအတွက် ၄၂၁,၂၉၀,၃၀၀ ရှိပါတယ်။ Download လုပ်မှု အများဆုံး App တချို့ကို အောက်မှာ လေ့လာပါ။

Google Play Store Malware

  • Noizz: video editor with music – 100 million downloads
  • Zapya – File Transfer, Share – 100 million downloads
  • vFly: video editor&video maker – 50 million downloads
  • MVBit – MV video status maker – 50 million downloads
  • Biugo – video maker&video editor – 50 million downloads
  • Crazy Drop – 10 million downloads
  • Cashzine – Earn money reward – 10 million downloads
  • Fizzo Novel – Reading Offline – 10 million downloads
  • CashEM: Get Rewards – 5 million downloads
  • Tick: watch to earn – 5 million downloads

SpinOk SDK ပါတဲ့ App စာရင်း အပြည့်အစုံကို ဒီလင့် ကနေ ကြည့်နိုင်ပါတယ်။ သင့်ဖုန်းမှာ အဲဒီ App တွေ ထည့်သွင်းထားရင် အမြန်ဆုံး ဖျက်ပစ်ဖို့ အကြံပေးလိုက်ပါတယ်။

Ref : gizchina