[Unicode]

စမတ်ဖုန်း ပိုင်ဆိုင်သူ ၂ ဘီလီယမ်ကျော် ရှိပြီဖြစ်တဲ့အတွက် ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မိုဘိုင်းဂိမ်းတွေဟာ အရမ်းကို ရေပန်းစားလာပါတယ်။ စမတ်ဖုန်းတွေဟာ အိတ်ဆောင် ကွန်ပြူတာတွေလို အစွမ်းထက်လာပြီဖြစ်ပြီး ကား ဝါသနာရှင်တွေအတွက် ဂိမ်းများစွာ ထွက်ပေါ်လာနေပါပြီ။ Asphalt Legends 9 လို အလန်းစား ဂိမ်းကို ဖန်တီးထားတဲ့ Gameloft က Overdrive City ကို လာမယ့်နှစ် အစောပိုင်းမှာ ကြေညာမှာ ဖြစ်ပြီး ကား ဝါသနာရှင်တွေ အကြိုက်တွေ့ကြမယ့် ဂိမ်း ဖြစ်ပါတယ်။

Gameloft က Overdrive City မှာ ကားတွေ ဝယ်ပြီး စုဆောင်းတာ၊ အဆင့်မြှင့်တာနဲ့ ပြိုင်တာတွေကို ပြုလုပ်နိုင်မယ်လို့ ပြောပါတယ်။ ဒါတွေက တခြား ကား ဂိမ်းတွေမှာလည်း ပါဝင်နေကျဖြစ်ပါတယ်။ Overdrive City ရဲ့ ထူးခြားချက်က ကား မောင်းလို့ ကောင်းမယ့် မြို့တွေကိုပါ တည်ဆောက်နိုင်တာပါ။ ကစားသူတွေဟာ ကားနဲ့ ကားအစိတ်အပိုင်း ထုတ်လုပ်ရောင်းချဖို့ လိုအပ်တဲ့ အဆောက်အဉီးတွေကို တည်ဆောက်နိုင်မှာပါ။ မြို့တွေမှာ ကား အရောင်းပြခန်းတွေ၊ ကား လမ်းတွေနဲ့ ကားနဲ့ ပတ်သက်တဲ့ အဆောက်အဦးတွေ ပါဝင်ပါတယ်။

ဂိမ်းမှာ Ford , Porsche နဲ့ BMW တို့လို ကုမ္ပဏီတွေရဲ့ နာမည်ကျော် ကား ၅၀ ကျော် ပါဝင်ပါတယ်။ ကစားသူတွေဟာ ကားတွေကို စုဆောင်းတာ၊ ပြင်ဆင်တာနဲ့ အဆင့်မြှင့်တာတွေ ပြုလုပ်နိုင်ပါတယ်။ ကစားသူတွေဟာ ကားပြိုင်မောင်းဖို့အတွက် တခြား ကစားသူတွေကို စိန်ခေါ်နိုင်ပါတယ်။ Overdrive City ဟာ Asphalt Legends, Sim City နဲ့ CSR Racing 2 တို့နဲ့ မတူဘဲ ထူးခြား ဆန်းသစ်ပါတယ်။

Overdrive City ကို လာမယ့်နှစ်အစောပိုင်းမှာ Apple App Store, Google Play နဲ့ Microsoft Store တို့ကနေ ဖြန့်ချိပေးမှာပါ။ ကား ပြိုင်တာတင်မကဘဲ ကားနဲ့ ပတ်သက်တဲ့ တခြား အရာတွေကိုပါ ဖန်တီးနိုင်မှာက စိတ်ဝင်စားစရာကောင်းပါတယ်။

Ref : uk.motor1

[Zawgyi]

ကား ဝါသနာရွင္ေတြ အႀကိဳက္ေတြ႕မယ့္ Overdrive City မိုဘိုင္း ဂိမ္း

စမတ္ဖုန္း ပိုင္ဆိုင္သူ ၂ ဘီလီယမ္ေက်ာ္ ရွိၿပီျဖစ္တဲ့အတြက္ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ မိုဘိုင္းဂိမ္းေတြဟာ အရမ္းကို ေရပန္းစားလာပါတယ္။ စမတ္ဖုန္းေတြဟာ အိတ္ေဆာင္ ကြန္ျပဴတာေတြလို အစြမ္းထက္လာၿပီျဖစ္ၿပီး ကား ဝါသနာရွင္ေတြအတြက္ ဂိမ္းမ်ားစြာ ထြက္ေပၚလာေနပါၿပီ။ Asphalt Legends 9 လို အလန္းစား ဂိမ္းကို ဖန္တီးထားတဲ့ Gameloft က Overdrive City ကို လာမယ့္ႏွစ္ အေစာပိုင္းမွာ ေၾကညာမွာ ျဖစ္ၿပီး ကား ဝါသနာရွင္ေတြ အႀကိဳက္ေတြ႕ၾကမယ့္ ဂိမ္း ျဖစ္ပါတယ္။

Gameloft က Overdrive City မွာ ကားေတြ ဝယ္ၿပီး စုေဆာင္းတာ၊ အဆင့္ျမႇင့္တာနဲ႔ ၿပိဳင္တာေတြကို ျပဳလုပ္ႏိုင္မယ္လို႔ ေျပာပါတယ္။ ဒါေတြက တျခား ကား ဂိမ္းေတြမွာလည္း ပါဝင္ေနက်ျဖစ္ပါတယ္။ Overdrive City ရဲ႕ ထူးျခားခ်က္က ကား ေမာင္းလို႔ ေကာင္းမယ့္ ၿမိဳ႕ေတြကိုပါ တည္ေဆာက္ႏိုင္တာပါ။ ကစားသူေတြဟာ ကားနဲ႔ ကားအစိတ္အပိုင္း ထုတ္လုပ္ေရာင္းခ်ဖို႔ လိုအပ္တဲ့ အေဆာက္အဉီးေတြကို တည္ေဆာက္ႏိုင္မွာပါ။ ၿမိဳ႕ေတြမွာ ကား အေရာင္းျပခန္းေတြ၊ ကား လမ္းေတြနဲ႔ ကားနဲ႔ ပတ္သက္တဲ့ အေဆာက္အဦးေတြ ပါဝင္ပါတယ္။

ဂိမ္းမွာ Ford , Porsche နဲ႔ BMW တို႔လို ကုမၸဏီေတြရဲ႕ နာမည္ေက်ာ္ ကား ၅၀ ေက်ာ္ ပါဝင္ပါတယ္။ ကစားသူေတြဟာ ကားေတြကို စုေဆာင္းတာ၊ ျပင္ဆင္တာနဲ႔ အဆင့္ျမႇင့္တာေတြ ျပဳလုပ္ႏိုင္ပါတယ္။ ကစားသူေတြဟာ ကားၿပိဳင္ေမာင္းဖို႔အတြက္ တျခား ကစားသူေတြကို စိန္ေခၚႏိုင္ပါတယ္။ Overdrive City ဟာ Asphalt Legends, Sim City နဲ႔ CSR Racing 2 တို႔နဲ႔ မတူဘဲ ထူးျခား ဆန္းသစ္ပါတယ္။

Overdrive City ကို လာမယ့္ႏွစ္အေစာပိုင္းမွာ Apple App Store, Google Play နဲ႔ Microsoft Store တို႔ကေန ျဖန႔္ခ်ိေပးမွာပါ။ ကား ၿပိဳင္တာတင္မကဘဲ ကားနဲ႔ ပတ္သက္တဲ့ တျခား အရာေတြကိုပါ ဖန္တီးႏိုင္မွာက စိတ္ဝင္စားစရာေကာင္းပါတယ္။

Ref : uk.motor1