OnePlus က ၂၀၁၉ ထုတ် ဖုန်းတွေ ဖြစ်တဲ့ OnePlus 7 နဲ့  7 Pro  အတွက် OxygenOS Open Beta 10 ကို ပြီးခဲ့တဲ့ ၁ ပတ်က ဖြန့်ချိပေးခဲ့ပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းတွေအတွက် OxygenOS Open Beta 11 ကို စတင် ထည့်သွင်းပေးလိုက်ပါတယ်။

Update ရဲ့ ဖိုင်အရွယ်အစားဟာ 189MB ဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လအတွက် Security Patch ပါလာပါတယ်။  Screen Recording လုပ်ရင် ဖြစ်တဲ့  Framerate ပြဿနာကို ဖြေရှင်းပေးထားပြီး Adaptive Brightness ကို တိုးမြှင့်ပေးထားပါတယ်။ Adaptive Brightness ပြဿနာ ဖြစ်နေတာ ကြာပြီ ဖြစ်တဲ့အတွက် OnePlus က ဒီ Bug ကို ဖြေရှင်းပေးလိုက်တာ ဝမ်းသာစရာ ဖြစ်ပါတယ်။ Third-party ကီးဘုတ်တွေကို သုံးရင် Gboard ကို အလိုလို ပြောင်းပေးတဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးထားပါတယ်။

Open Beta Program မှာ ပါဝင်ထားသူတွေအတွက် မကြာခင်မှာ အဲဒီ Update ကို ရရှိတော့မှာ ဖြစ်ပါတယ်။ Oxygen Update App ကနေ Update ရပြီလားဆိုတာ စစ်ဆေးနိုင်ပြီး Open Beta Program မှာ မပါဝင်ထားသူတွေလည်း Oxygen Update App ကို အသုံးပြုနိုင်ပါတယ်။

Ref : gsmarena