Amazon ဟာ မကြာခင်အချိန်အတောအတွင်း Paperwhite 5 နဲ့ Paperwhite 5 Signature Edition Kindle တို့ကို ဈေးကွက်ထဲ ပို့ဆောင်တော့မှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိပေမဲ့ ကနေဒီယန်က ဧရာမစတိုးကြီးတစ်ခုရဲ့ Listing ကတစ်ဆင့် သိရှိရတာဖြစ်ပါတယ်။

Listing မှာတွေ့မြင်ရတာဖြစ်တဲ့အတွက် အသေးစိတ်အချက်အလက်တွေကို မသိရှိနိုင်ဘူးဆိုပေမဲ့ ဒီ Kindle တွေရဲ့ ဈေးနှုန်းနဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ချက်အလက်အချို့ကိုတော့ တွေ့မြင်ရပါတယ်။ Paperwhite 5 ကို 6.8-inch အရွယ်အစားမျက်နှာပြင်၊ သိုလှောင်မှုပမာဏ 8GB, resolution 300ppi, 17 LEDs front light စတဲ့အချက်အလက်တွေနဲ့ တွေ့မြင်ရတာဖြစ်ပါတယ်။ ဈေးနှုန်းကို CAD149.99 ($116) သတ်မှတ်ထားပါတယ်။

Paperwhite 5 Signature Edition ကတော့ 6.8-inch အရွယ်အစားမျက်နှာပြင်၊ သိုလှောင်မှုပမာဏ 32GB, resolution 300 ppi, 17 LEDs front light စတဲ့အချက်အလက်တွေအပြင် Auto-adjusting light sensors နဲ့ Wireless charging တွေကိုပါ ထောက်ပံ့ထားကြောင်း တွေ့မြင်ရပါတယ်။ ဈေးနှုန်းကတော့ CAD209.99 ($165) အဖြစ် သတ်မှတ်ထားပါတယ်။ အချက်အလက်တွေအရ ပြီးခဲ့တဲ့မျိုးဆက် Kindle ထက် သိသိသာသာတိုးတက်ကောင်းမွန်လာတာလည်း ဖြစ်ပါတယ်။

ကနဦးမျိုးဆက်ဖြစ်တဲ့ Kindle ကတော့ 6-inch အရွယ်အစားမျက်နှာပြင်နဲ့သာဖြစ်ပြီး သိုလှောင်မှုပမာဏက 8GB ဖြစ်ပါတယ်။ Resolution ကတော့ 167ppi သာထောက်ပံ့ထားပြီး Front Light အတွက် 4 LEDs ပဲရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် Waterproof (IPX8), Adjustable warm light, Auto-adjusting light sensors စတာတွေကိုလည်း ထောက်ပံ့ထားခြင်းမရှိပါဘူး။

Ref: GSM Arena