EV ကားတွေဟာ ခေတ်စားလာပေမယ့် လိုအပ်ချက် တစ်ခု ရှိနေပါသေးတယ်။ အဲဒါက Solar စွမ်းအင် ဖြစ်ပါတယ်။ EV ကားအနည်းငယ်မှာ Solar Panel တွေ ပါလာကြပေမယ့် အများစုမှာ မပါလာကြပါဘူး။

Solar array and design

အခုတော့ DartSolar System က ဒါကို ပြောင်းလဲပေးတော့မှာ ဖြစ်ပြီး EV ကားတိုင်းမှာ လွယ်ကူစွာ တပ်ဆင်နိုင်တဲ့ Solar ခေါင်မိုးကို ဖန်တီးပေးလိုက်ပါတယ်။ ကုမ္ပဏီက လျှပ်စစ်ကားတွေမှာ နေရောင်ခြည်နဲ့ အားသွင်းတဲ့ စနစ်ကို စံနှုန်း တစ်ခု အနေနဲ့ ထည့်သွင်းပေးချင်နေပါတယ်။

DartSolar ရဲ့ Solar ခေါင်မိုးဟာ ကားရပ်ထားသည် ဖြစ်စေ မောင်းနေသည် ဖြစ်စေ အားသွင်းပေးနိုင်ပါတယ်။ Fiberglass နဲ့ ပြုလုပ်ထားတဲ့ 160-watt Panel ၆ ခု ပါပြီး စုစုပေါင်း 960-watt ဖြစ်ပါတယ်။ အထူက ၄ မီလီမီတာပဲ ရှိပြီး ပေါ့ပါးပါတယ်။

ကား ရပ်ထားချိန်မှာ နေရောင်ခြည်စွမ်းအင် အပြည့်အဝ ရဖို့ Panel ၆ ခုကို ဆွဲဆန့်ထားနိုင်ပါတယ်။ ဒါပေမယ့် ကား ခေါင်မိုး အရှေ့နဲ့ အနောက်မှာ အစွန်းထွက်နေမှာ ဖြစ်ပါတယ်။ ကား မောင်းတဲ့ အချိန်မှာ အစွန်းထွက်နေတဲ့ Panel တွေကို တခြား Panel တွေကို ထိုးသွင်းထားနိုင်တဲ့အတွက် ကား ဒီဇိုင်း မပျက်စေပါဘူး။

DartSolar System က နေ့စဉ် လျှပ်စစ်ကား ဘက်ထရီကို 5 kWh စွမ်းအင် ဖြည့်ပေးနိုင်ပါတယ်။ အဲဒီအတွက် နေရောင်ခြည်စွမ်းအင်နဲ့ ၁၀ ကနေ ၂၀ မိုင် (၁၆ ကနေ ၃၂ ကီလိုမီတာ) မောင်းနှင်နိုင်ပါတယ်။ DartSolar System ကို ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက် ကနေ ၂,၉၅၀ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါတယ်။

Ref : interestingengineering