ဩစတြေးလျ အနုပညာရှင်နဲ့ Programmer ၁ ယောက်က Ethereum Blockchain က NFT အားလုံးကို အခမဲ့ Download လုပ်နိုင်တဲ့ Website ၁ ခုကို ဖန်တီးလိုက်ပါတယ်။

NFT Pirate Bay captivates 1.2 Million users for artwork archive | Tokeneo

NFT ဟာ အနုပညာလက်ရာတွေ အပါအဝင် ဒစ်ဂျစ်တယ် ပစ္စည်းတွေ ပိုင်ဆိုင်မှုကို သက်သေခံပေးတဲ့ ဒစ်ဂျစ်တယ် တိုကင်တွေ ဖြစ်ပါတယ်။ NFT တွေကို ဒေါ်လာ သန်းနဲ့ချီကာ အရောင်းအဝယ် ပြုလုပ်နေကြပြီး လူတိုင်းက အဲဒီ NFT အနုပညာလက်ရာတွေကို ကြည့်ရှုနိုင်ပေမယ့် ဝယ်ယူထားသူကသာ ပိုင်ဆိုင်သူ အစစ်အမှန် ဖြစ်ပါတယ်။

You Can Download 'Every NFT' Art On This Portal Inspired By The Pirate Bay

NFT Bay Piracy Website ကို တည်ထောင်လိုက်တဲ့ Geoffrey Huntley က အရောင်းအဝယ် ပြုလုပ်နေတဲ့ NFT တွေကို လူတွေ မြင်စေချင်တာပါလို့ ပြောပါတယ်။ နာမည်ကြီး Software နဲ့ ရုပ်ရှင် Piracy Website ၁ ခု ဖြစ်တဲ့ Pirate Bay ဒီဇိုင်းကို အခြေခံကာ NFT Bay Website ကို Huntley က ဖန်တီးထားတာလို့ နည်းပညာ သတင်း Website ဖြစ်တဲ့ Motherboard က ပြောပါတယ်။

NFT Bay မှာ Cryptocurrency Network ၂ ခု ဖြစ်တဲ့ Ethereum နဲ့ Solana က NFT အားလုံးကို တင်ထားပြီး ဖိုင်အရွယ်အစားက 17 Terabyte (TB) ရှိတဲ့အတွက် အရွယ်အစား တော်တော်ကြီးမားပါတယ်။ NFT Bay က အနုပညာလက်ရာ NFT တွေမှာ ပိုင်ဆိုင်မှုကို သက်သေခံပေးတဲ့ ဒစ်ဂျစ်တယ် တိုကင်တွေ မပါဝင်ပါဘူး။

Ref : bbc