Google Pixel ဖုန်းတွေဟာ Android ဖုန်းတွေထဲမှာ Camera ပိုင်းနဲ့ Software ပိုင်း နာမည်ကြီးဖုန်းတွေဖြစ်ပေမယ့် အမြဲတမ်းလိုလို Error တစ်ခုမဟုတ် တစ်ခုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ Pixel 4 Series ဖုန်းတွေဆိုရင်လည်း Battery Life နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေခံခဲ့ရပါသေးတယ်။

အခုအချိန်မှာလည်း Pixel 4 အပြင် Pixel 3 ဖုန်းတွေမှာ ထူးထူးခြားခြား ပြဿနာတစ်ခုကိုတွေ့လာရပြီးတော့ ဒါကတော့ USB ကနေတဆင့် File Transfer ပြုလုပ်တဲ့အချိန်မှာ ပုံမှန်ထက် သိသိသာသာကိုနှေးကွေးနေတာပဲဖြစ်ပါတယ်။ ဒါကလည်း တခြား Flagship ဖုန်းတွေထက် ပိုနှေးနေတာမျိုးထက် Pixel 1 နဲ့ Pixel 2 လိုဖုန်းတွေထက်တောင် ပိုပြီးနှေးနေတာပါ။

အခုစမ်းသပ်မှုကို Android Authority က ပြုလုပ်ခဲ့တာဖြစ်ပြီး Windows PC ကနေ USB-C 3.1 ကိုအသုံးပြုပြီး 10.8GB ရှိတဲ့ File ကို Transfer ပြုလုပ်ခဲ့တာပါ။ အဲ့ဒီထဲမှာ Pixel 3 နဲ့ Pixel 4 ဖုန်းတွေကပဲ သိသိသာသာကို တခြားဖုန်းတွေထက် ၂ ဆလောက်ပိုပြီး အချိန်ကြာနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယခင်တုန်းထဲက ဒီလိုမျိုး File Transfer နှေးကွေးနေတာလားဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိခဲ့သလို ဖြစ်နိုင်တာကတော့ Software သို့မဟုတ် Firmware ကြောင့် ဒီလိုမျိုး ပုံမှန်ထက်နှေးနေတာဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ အဲ့ဒီအတွက် မကြာခင်မှာ Google ကနေ Software Update ကနေတစ်ဆင့်ပြန်ပြီး ဖြေရှင်းသွားဖို့များနေပါတယ်။

Ref – Android Central