Google ကနေ လာမယ့်မေလမှာ Android 11 အပြင် Pixel 4a ဖုန်းတွေကိုပါ မိတ်ဆက်သွားမယ့် Google I/O 2020 Event ကို ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် Google အနေနဲ့ အဆိုပါ ကြေညာချက်တွေကို Online ကနေ ပြုလုပ်လာနိုင်ပါသေးတယ်။

အခုလည်း အဆိုပါ Google I/O 2020 Event မှာ မိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ Google Pixel 4a ရဲ့ ဓါတ်ပုံတွေက ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။

အဆိုပါ ဓါတ်ပုံတွေအရတော့ Pixel 4a ဖုန်းဟာ ယခင် Pixel ဖုန်းတွေနဲ့ မတူညီတဲ့ Punch-hole Selfie Camera ပါဝင်တဲ့ Display ကို အသုံးပြုလာတာဖြစ်ပါတယ်။ အဲ့ဒီအတွက်ဖုန်းရဲ့ အပေါ်ဘက်ဘောင်က သိသိသာသာကိုသေးငယ်သွားပြီး Google အနေနဲ့ Earpiece ကို Stereo Speaker Setup အနေနဲ့ ဆက်လက်အသုံးပြုမလားဆိုတာကတော့ မသိရှိရသေးပါဘူး။

ဒီ ဓါတ်ပုံတွေမှာတော့ Pixel 4a ဖုန်းဟာ Google ရဲ့ Original Fabric Case အသစ်ကိုတပ်ဆင်ထားတဲ့အတွက် နောက်ကျော Design ကိုတော့ မသိရှိခဲ့ရပါဘူး။ ဒါပေမယ့် Pixel 4 လိုမျိုးပဲ လေးထောင့်ဆန်တဲ့ Camera Design ကိုမှ Single Camera ပါဝင်မှာဖြစ်ပြီး Fingerprint Sensor ကိုလည်း ဆက်လက်အသုံးပြုထားတာကို တွေ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် Pixel 4a စမတ်ဖုန်းဟာ မကြာခင်မိတ်ဆက်လာနိုင်ပြီးတော့ စျေးနှုန်းအနေနဲ့လည်း $399 ကနေ စတင်မှာဖြစ်တဲ့အတွက် အခု Design နဲ့ဆိုရင်တော့ ရောင်းအားကောင်းဖို့များနေပါတယ်။

Ref – 9to5Google