Google ဟာ လက်ရှိအချိန်မှာ Flagship ဖုန်းတွေဖြစ်တဲ့ Pixel 6 Series ဖုန်းတွေနဲ့ Pixel 5a ဖုန်းတွေကို နောက်ဆုံးမိတ်ဆက်ထားတာပြီးဖြစ်ပါတယ်။ ဒါပေမယ့် Google ဟာ အဆိုပါ ဖုန်းတွေနဲ့အတူ Pixel 4a ကိုပါ Google Store Website မှာ တင်ထားခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့လပိုင်းတုန်းက စတင်ပြီးတော့ Pixel 4a ဟာ Out of Stock သာဖြစ်နေခဲ့ပြီး အခုအချိန်မှာတော့ Google Store ကနေ ဖယ်ရှားလိုက်ပြီလို့ သိရပါတယ်။ Pixel 4a ဖုန်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် သြဂုတ်လတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး စျေးနှုန်းအနေနဲ့ ဒေါ်လာ ၃၅၀ ပဲရှိတာကြောင့် အောင်မြင်ခဲ့တဲ့ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။

Google ဟာ Pixel 4a အပြင်နောက်ပိုင်းမှာ Pixel 4a 5G နဲ့ Pixel 5 ဖုန်းတွေကိုပါ မိတ်ဆက်ခဲ့ပြီး အဆိုပါ ဖုန်းတွေဟာ စျေးကွက်အများအပြားမှာ ရောင်းချနိုင်ခဲ့တဲ့နောက်ဆုံး Pixel Series ဖုန်းတွေဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ Pixel 6 Series မှာတော့ Google ကနေ US နဲ့ Japan လိုမျိုး နိုင်ငံတွေကိုပဲ အဓိကထားပြီး ရောင်းချနိုင်တော့တာဖြစ်ပါတယ်။

လောလောဆယ် Google Pixel ဖုန်းတွေထဲမှာ စျေးအသက်သာဆုံးကတော့ Pixel 5a 5G ပဲဖြစ်ပြီး စျေးနှုန်းအနေနဲ့ $449 နဲ့ ရောင်းချနေတာဖြစ်ပါတယ်။ ဒါပေမယ့် ယခုနှစ်လယ်ပိုင်းမှာတော့ Pixel 6a ကို Google Tensor Chipset နဲ့ Design ပိုင်းအဆင့်မြှင့်တင်ပြီး မိတ်ဆက်လာဦးမယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ဆက်လက်စောင့်ကြည့်သင့်ပါတယ်။

Ref – GSM Arena