Camera ပိုင်းကို စမ်းသပ်စစ်ဆေးတဲ့ Website တစ်ခုဖြစ်တဲ့ DxOMark ဟာ အခုအချိန်မှာတော့ Google ကနေ နောက်ဆုံးထွက်ရှိထားတဲ့ စမတ်ဖုန်းဖြစ်တဲ့ Pixel 6 Pro ကို စမ်းသပ်ပြီး ရမှတ်တွေ ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ DxOMark ရဲ့ ထုတ်ပြန်ချက်အရတော့ Pixel 6 Pro ဟာ စုစုပေါင်းရမှတ် ၁၃၅ မှတ်ရရှိထားတာဖြစ်ပြီး စမတ်ဖုန်းတွေရဲ့ ကင်မရာအဆင့်သတ်မှတ်ချက်အရ နံပါတ် (၇) နေရာမှာရှိနေတာဖြစ်ပါတယ်။

iPhone 13 Pro နဲ့ iPhone 13 Pro Max ဖုန်းတွေက ၁၃၇ မှတ်နဲ့ Google Pixel 6 Pro ရဲ့ အပေါ်မှာရှိနေပေမယ့် အမှတ်သိပ်မကွာတဲ့အတွက် Camera စွမ်းဆောင်ရည်ကလည်း ၂ လုံးစလုံး ကောင်းမွန်နေတာသေချာပါတယ်။ Pixel 5 တုန်းက စုစုပေါင်းရမှတ် ၁၂၀ မှတ်ပဲ ရရှိခဲ့တာကြောင့် မနှစ်တုန်းကထက်တော့ သိသိသာသာကို ပိုကောင်းလာတာဖြစ်ပါတယ်။

DxOMark ရဲ့ ပြောကြားချက်အရတော့ Pixel 6 Pro ဟာ Lighting အခြေအနေအမျိုးမျိုးမှာ Details ပိုင်းအလွန်ကောင်းမွန်ပြီးတော့ Dynamic Range နဲ့ Long Range Texture ပိုင်းတွေမှာပါ အားရဖို့ကောင်းတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ Detail ပိုင်းတွေမှာဆိုရင် iPhone 13 Pro နဲ့ Huawei P50 Pro လိုမျိုး ဖုန်းတွေထက်တောင် ပိုကောင်းနေသေးတယ်လို့ သိရပါတယ်။

Google Pixel 6 Pro ဟာ Photos ပိုင်းမှာ ၁၄၃ မှတ် နဲ့ Video ပိုင်းမှာ ၁၁၅ မှတ်အသီးသီးရရှိခဲ့တာဖြစ်ပြီး 4x Periscope Telephoto Lens ကို အသုံးပြုလိုက်တာကြောင့် Zoom ပိုင်းမှာလည်း ၇၁ မှတ်အထိရရှိခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Google အနေနဲ့ Pixel 6 Series မှာ Camera Sensor တွေကို အဆင့်မြှင့်တင်ခဲ့တာက တကယ်ထိရောက်တယ်ဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်။

Ref – GSM Arena