Google ရဲ့ Pixel 6a ဟာ တဖြည်းဖြည်းနဲ့ မိတ်ဆက်ချိန်ဆီ နီးကပ်လာတာကို တွေ့နေရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းလောက်က Pixel 6a ရဲ့ Renders ရုပ်ပုံအချို့ ပေါ်ထွက်လာခဲ့ပြီး ဆက်တိုက်ဆိုသလိုပဲ ဒီဟန်းဆက်မှာ Tensor Chip ကိုပဲ အသုံးပြုလိမ့်မယ်ဆိုတဲ့သတင်းလည်း ထွက်ပေါ်လာခဲ့ပါတယ်။

Pixel 6a ဟာ Pixel 6 နဲ့ ဒီဇိုင်းတူပေမဲ့ Headphone jack ပျောက်ဆုံးနေတာကို Render က ဖော်ပြနေပါတယ်။ Tensor Chip ကို အသုံးပြုမယ်ဆိုပေမဲ့ Pixel 6 ရဲ့ ကြီးမားတဲ့ အဓိကကင်မရာဆင်ဆာကို ဆုံးရှုံးသွားမှာလည်း ဖြစ်ပါတယ်။ အခုတွေ့မြင်ရတဲ့ ပေါက်ကြားမှုအသစ်မှာတော့ Pixel 6a ဟာ အလူမီနီယမ် Dummy ယူနစ်ဖြစ်ပြီး ရင်းနှီးကျွမ်းဝင်ပြီးသား ဒီဇိုင်းပုံစံဖြစ်ကြောင်းကို ထပ်ပြီးညွှန်းဆိုပြသနေပါတယ်။

ဒီ Dummy ယူနစ်ပုံကို @xleaks7 (David Kowalski) က လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ Dummy ယူနစ်ကတစ်ဆင့် သတင်းအချက်အလက်သစ်တွေကို မသိရပေမဲ့ ကနဦးသိပြီးသား အချက်အလက်တွေကို ပိုပြီးခိုင်မာသွားစေ၊ အတည်ပြုနိုင်စေတာတော့ အမှန်ပါပဲ။ In-display fingerprint sensor ရဲ့ တိကျတဲ့နေရာကို ဖော်ပြသလို၊ အသေးစိတ်အချက်အလက်အချို့ကိုလည်း ဖော်ပြထားတာမျိုးဖြစ်ပါတယ်။

Google ဟာ သူ့ရဲ့ Lower-end စီးရီးဖုန်းတွေမှာ Headphone Jack ကို ထည့်သွင်းထားရှိပါတယ်။ Pixel 6a dummy unit မှာမတွေ့မြင်ရတာက နေရာလပ်မကျန်တော့တာကြောင့် Google အနေနဲ့ ဒါကိုစွန့်လွှတ်လိုက်တာလို့လည်း ယူဆရပါတယ်။ အခု Dummy အရ ကင်မရာနှစ်လုံးနဲ့ Flash module ထားရှိပုံတွေက အရင်ပေါက်ကြားသတင်းက အချက်အလက်တွေနဲ့ ကိုက်ညီနေပါတယ်။ အခုထက် ပိုပြီးစုံလင်၊ အသေးစိတ်ကျတဲ့အချက်အလက်တွေထွက်လာဖို့တော့ အနည်းငယ်စောင့်ဆိုင်းရဖွယ် ရှိပါတယ်။

Ref: Android Police