Google Pixel 6 ပိုင်ရှင်အချို့ဟာ Issue အချို့နဲ့ ရင်ဆိုင်နေရဆဲဖြစ်တာကြောင့် Pixel 6a မှာတော့ Biometric security အတွက် မတူညီတဲ့ In-display fingerprint scanner ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါဟာ Issue တွေကို စိတ်ပျက်ငြီးငွေ့နေတဲ့ Pixel fan တွေအတွက်တော့ သတင်းကောင်းလို့ ဆိုနိုင်ပါတယ်။

Google က ထုတ်ပေးနေတဲ့ Update တွေဟာ အလုံးစုံစွမ်းဆောင်ရည်နဲ့ တိကျမှုကိုမြှင့်တင်ဖို့ ကူညီပေးတယ်ဆိုပေမဲ့လည်း ဒါဟာ Pixel 6 ဒါမှမဟုတ် Pixel 6 Pro ပိုင်ရှင်တိုင်းအတွက် ပြဿနာတွေကို မဖြေရှင်းနိုင်သေးဘူးဆိုတာတော့ သေချာနေပါတယ်။ ကိစ္စအများစုမှာ အဆင်ပြေပြေလုပ်ဆောင်တယ်ဆိုပေမဲ့ အသုံးပြုသူက Device ကို Lock မဖွင့်ခင် လက်ချောင်းအတော်များများကို Scan ဖတ်ဖို့ လိုအပ်ပါတယ်။

Google ရဲ့ Rick Osterloh ကတော့ Pixel 6a ဟာ Pixel 6, Pixel 6 Pro တို့နဲ့ မတူညီတဲ့ In-display fingerprint scanner ကို အသုံးပြုမှာဖြစ်တယ်လို့ Android Central ကို အတည်ပြုပေးခဲ့ပါတယ်။ Pixel 6a မှာ ပိုကောင်းတဲ့ အရည်အသွေး၊ ဒါမှမဟုတ် ပိုပြီးစိတ်ချရ၊ တိကျတဲ့ Scanner ကို မြင်တွေ့ရမှာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

$449 တန် Pixel 6a ဟာ သူ့ထက်ဈေးကြီးတဲ့ထုတ်ကုန်တွေထက် ပိုပြီးမြန်ဆန်၊ ပိုပြီးတိကျတဲ့ Fingerprint scanner နဲ့ထွက်လာမယ်ဆိုရင်တော့ ဒါဟာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မတူညီတဲ့ Scanner ကို အသုံးပြုလာမယ်ဆိုတာနဲ့တင် Pixel 6a အပေါ် အတော်လေးမျှော်လင့်နေကြတာတော့ သေချာပါတယ်။ In-display scanner နည်းပညာဟာ အမှတ်တံဆိပ်တစ်ခုနဲ့တစ်ခု မတူညီကြတာကြောင့် Google ဟာ Optical reader နဲ့ ဝေးနေဦးမယ်လို့တော့ မျှော်လင့်မထားပါဘူး။

Samsung ဟာ သူ့ရဲ့ Flagship line တွေအတွက် Ultrasound ကို အသုံးပြုပေမဲ့လည်း Galaxy A-series လိုမျိုးစမတ်ဖုန်းတွေအတွက်တော့ Optical in-display fingerprint reader ကို အသုံးပြုပါတယ်။ လက်ရှိအချိန်မှာ Pixel 6 နဲ့ 6 Pro တို့ဟာ Biometrics အတွက် Goodix fingerprint scanner ကို အသုံးပြုထားတာပါ။ ဒါဟာ OnePlus ရဲ့ Device တွေကိုလည်း တူညီတဲ့ နည်းပညာပံ့ပိုးပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

Google ဟာ Pixel 6a အတွက် အခြားထုတ်လုပ်သူတွေဆီက Fingerprint scanner ကို သုံးမှာလား၊ မသုံးဘူးလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Pixel 6a ဟာ အသုံးပြုလိုက်ချိန်တိုင်း Lock ဖွင့်ပေးမယ်လို့တော့ မျှော်လင့်ထားကြပါစို့ လို့ပဲ ပြောရဦးမှာဖြစ်ပါတယ်။

Ref: 9T05Google