Google ဟာ ဒီနှစ်ကုန်ပိုင်းမှာ Pixel 7 Series ဖုန်းတွေဖြစ်တဲ့ Pixel 7 နဲ့ Pixel 7 Pro တွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျပြောကြားခြင်းမရှိသေးပေမယ့် လာမယ့် အောက်တိုဘာလအတွင်းမှာ မိတ်ဆက်နိုင်ခြေများနေတယ်လို့ ခန့်မှန်းထားကြပါတယ်။

လောလောဆယ်မှာ Google ကနေ Pixel ဖုန်းတွေအတွက် Android 13 Stable OS Update ကို ထုတ်ပေးထားပြီး Pixel 7 Series ဖုန်းတွေမှာလည်း Android 13 OS နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းအရ Pixel 7 Series ဖုန်းတွေမှာ ယခင် Pixel ဖုန်းတွေမှာ ပါဝင်ခြင်းမရှိတဲ့ Feature တစ်ခုကို ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။

ဒါကတော့ Bluetooth LE ကနေတစ်ဆင့် ပုံမှန်ထက် အရည်အသွေးပိုကောင်းမွန်တဲ့ Bluetooth Codec ကို ထောက်ပံ့ပေးသွားမှာပဲဖြစ်ပါတယ်။ Bluetooth LE Audio ဟာ သာမန် Bluetooth ချိတ်ဆက်မှုတွေထက် ပိုပြီး Power စားသုံးမှုနည်းပါးသလို အခုဆိုရင် ပိုပြီး အရည်အသွေးကောင်းမွန်တဲ့ Codec ကိုပါ ရရှိနိုင်တော့မှာဖြစ်ပါတယ်။

Google အနေနဲ့ အခုလိုမျိုး အရည်အသွေးမြင့်မားတဲ့ အသံထွက်အတွက် LC3 Audio Codec ကို ပြောင်းလဲအသုံးပြုထားတယ်လို့ သိရပြီး ပုံမှန် Codec တွေထက် အသံအရည်အသွေးကို ပိုကောင်းမွန်စေမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Data စားသုံးမှုကိုလည်း အကွာအဝေးပေါ်မှုတည်ပြီး ချိန်ညှိနိုင်တာကြောင့် အသံပြတ်တောက်မှုတွေကိုလည်း ကင်းဝေးစေနိုင်ပါတယ်။

အခုလိုမျိုး Pixel 7 Series ဖုန်းတွေက ပိုကောင်းတဲ့ Bluetooth LE Audio ကို ထောက်ပံပေးနိုင်တယ်ဆိုပေမယ့် တွဲဖက်နားထောင်မယ့် Earbuds ကလည်း Bluetooth LE ကို ထောက်ပံ့ဖို့ လိုအပ်ပြီး လက်ရှိအချိန်မှာ တချို့သော Earbuds တွေပဲ Support ပြုလုပ်သေးတာဖြစ်ပါတယ်။

Ref – 9to5Google