Google ဟာ လာမယ့်မေလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားမယ့် Google I/O 2023 Event မှာ Pixel 7a ဖုန်းအပြင် ပထမဆုံး Foldable ဖုန်းဖြစ်လာမယ့် Google Pixel Fold ကိုပါ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အခုလည်း အဆိုပါ Google Pixel Fold ဖုန်းနဲ့ ပတ်သက်ပြီး အသေးစိတ်သတင်းအချက်အလက်တွေ ပေါက်ကြားလာခဲ့ပါတယ်။

အဆိုပါ သတင်းတွေအရ Google Pixel Fold ဟာ လက်ရှိစျေးကွက်ထဲမှာရှိတဲ့ Foldable ဖုန်းတွေထဲမှာ အကြမ်းအခံဆုံး Hinge Design ကို အသုံးပြုထားမှာဖြစ်ပြီး Water Resistent Rating လည်းပါဝင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Battery ကလည်း ပုံမှန်အသုံးပြုမှုတွေမှာ ၂၄ နာရီဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပြီး Low Power Mode မှာ ၇၂ နာရီအထိ အသုံးခံမယ်လို့ သိရပါတယ်။

Performance ပိုင်းမှာတော့ Google Pixel Fold ဟာ လက်ရှိ Pixel 7 Series ဖုန်းတွေလိုမျိုးပဲ Google Tensor G2 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။ အပြင်ဘက်က External Display ဟာ 5.8″ ရှိမှာဖြစ်ပြီး အတွင်းဘက်က Main Display က ဖြန့်လိုက်တဲ့အချိန်မှာ 7.6″ ရှိမှာဖြစ်ပါတယ်။

ဒါပေမယ့် Google Pixel Fold ဟာ အလေးချိန်ပိုင်းမှာ 283g အထိရှိမှာဖြစ်ပြီး လက်ရှိ Samsung Galaxy Z Fold4 လိုမျိုး ဖုန်းနဲ့ နှိုင်းယှဥ်ရင် သိသိသာသာပိုလေးမှာဖြစ်ပါတယ်။​ စျေးနှုန်းအနေနဲ့ $1,700 ဝန်းကျင် ကျသင့်မှာဖြစ်ပြီး မြန်မာငွေ သိန်း ၅၀ ဝန်းကျင် တန်ဖိုးရှိမှာပါ။

Ref – 9to5Google