Google က Pixel Watch ကို မကြာခင်က ကြေညာခဲ့ပြီး Wear OS 3.5 မောင်းနှင်ထားပါတယ်။ အဲဒီ စမတ်နာရီကို နောက်တစ်ပတ် ရောင်းချမှာ ဖြစ်ပြီး အခုတော့ Google Play Store မှာ စမတ်နာရီအတွက် တရားဝင် App ကို ဖြန့်ချိပေးလိုက်ပါတယ်။

google-pixel-watch-on-stretch-band

Google ရဲ့ Wear OS ဟာ Pixel Watch ရဲ့ User Interface အသစ်ကို မထောက်ပံ့ပါဘူး။ အဲဒီအတွက် ကိုယ်ပိုင် App  ကနေ Setup နဲ့ Settings Configuration ကို ပြုလုပ်ရမှာပါ။ လက်ရှိမှာ App ကို Google Play Store ကနေ ရယူနိုင်ပါပြီ။ စမတ်နာရီဟာ Android 8.0 နဲ့ အထက် ဖုန်းတွေနဲ့ပဲ ချိတ်ဆက်နိုင်သေးတဲ့အတွက် လက်ရှိမှာ iPhone တွေနဲ့ မချိတ်ဆက်နိုင်သေးပါဘူး။

Google Pixel Watch: Details, pricing on new Google smartwatch

Pixel Watch App မှာ User တွေဟာ Watch Face နဲ့ ဖုန်း Notification တွေကို Customize လုပ်နိုင်ပါတယ်။ ဒါ့အပြင် Navigation အတွက် Google Maps ကို ထောက်ပံ့ထားပြီး လေ့ကျင့်ခန်းနဲ့ နှလုံးခုန်နှုန်းတွေကို Fitbit App နဲ့ ချိတ်ဆက်ထားပါတယ်။

Google ဟာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီကို ပြီးခဲ့တဲ့ ရက်ပိုင်းက Pixel 7 Series နဲ့အတူ ကြေညာခဲ့ပြီး စမတ်နာရီမှာ မျက်နှာပြင် အဝိုင်းကို သုံးထားပါတယ်။ နာရီကိုယ်ထည်ဟာ ၄၁ မီလီမီတာ ဖြစ်ပြီး အထူက ၁၂.၃ မီလီမီတာ ဖြစ်ပါတယ်။

Samsung Exynos 9110 Chip မောင်းနှင်ထားပြီး ဘက်ထရီ သက်တမ်း ကောင်းစေဖို့ Cortex M33 Co-processsor ထည့်သွင်းထားပါတယ်။ 2GB RAM နဲ့ 32GB Storage ပါလာပြီး ၂၄ နာရီ အသုံးခံတဲ့ 294mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပြီး Bluetooth 5.0, LTE, WiFi နဲ့ NFC ထောက်ပံ့ထားပါတယ်။

Ref : gizmochina