[Unicode]

Poco က Xiaomi ရဲ့ ကုမ္ပဏီခွဲအဖြစ် ရပ်တည်တော့မှာ ဖြစ်ပြီး Pocophone F1 or Poco F1 ရဲ့ မျိုးဆက်သစ် ဘယ်အချိန်ထွက်လာမလဲဆိုတာ စောင့်မျှော်နေသူများစွာ ရှိပါတယ်။ အခုတော့ Poco India ရဲ့ အထွေထွေ မန်နေဂျာဖြစ်သူ Manmohan Chandolu က အင်တာဗျူး စီးရီး ၁ ခုမှာ မျိုးဆက်သစ် စမတ်ဖုန်းရဲ့ စိတ်ဝင်စားစရာ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။

စိတ်ဝင်စားစရာ အကောင်းဆုံး သတင်းအချက်အလက်က Poco မျိုးဆက်သစ်ကို ကြေညာမယ့် အချိန်ဖြစ်ပါတယ်။ သူက ဒီနှစ် မတ်လမကုန်ခင်မှာ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် သူက စွမ်းရည်မြင့် SoCs တွေနဲ့ RAM ပမာဏများစွာ ပါတဲ့ စမတ်ဖုန်းတွေကို ကုမ္ပဏီက အာရုံစိုက် ထုတ်လုပ်ရောင်းချမှာဖြစ်ပြီး အဲဒီ စမတ်ဖုန်းတွေဟာ ပေးရတဲ့ ဈေးထက် တန်မယ်လို့ ပြောပါတယ်။ စမတ်ဖုန်း အသစ်တွေမှာ MIUI for Poco ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။

Chandolu က Poco ဟာ Xiaomi ရဲ့ ခိုင်မာတဲ့ Supply Chain တွေကို ဆက်လက် အသုံးပြုမှာ ဖြစ်ပြီး User Data တွေကို Xiaomi ရဲ့ Data Centers တွေမှာ သိမ်းဆည်းမယ်လို့ ပြောပါတယ်။ After-sales ဝန်ဆောင်မှုတွေကိုလည်း Xiaomi ရဲ့ ဌာနတွေကနေ လုပ်ဆောင်ပေးမယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

အစောပိုင်းမှာ Poco ဟာ အွန်လိုင်းကနေ အဓိက ရောင်းချမှာဖြစ်ပြီး နောက်ပိုင်းမှာ မြေပြင်စတိုးတွေကနေ ဖြန့်ချိမှာ ဖြစ်ပါတယ်။ ကမ္ဘာအဝန်းမှာ ထိုးဖောက်မယ့် အစီအစဉ်ကို Chandolu က မပြောသေးဘဲ လက်ရှိမှာ အိန္ဒိယ ဈေးကွက်ကိုပဲ အာရုံစိုက်ထားတယ်လို့ သူက ပြောပါတယ်။ နိုင်ငံတကာကို ထိုးဖောက်ဖို့ ဆိုတာ အချိန် ယူရဦးမှာပါ။

Ref : gsmarena

[Zawgyi]

Poco F1 ရဲ႕ မ်ိဳးဆက္သစ္ကို ၂၀၂၀ ပထမ ၃ လအတြင္းမွာ ေၾကညာမယ္ဆိုတာ ေသခ်ာၿပီ

Poco က Xiaomi ရဲ႕ ကုမၸဏီခြဲအျဖစ္ ရပ္တည္ေတာ့မွာ ျဖစ္ၿပီး Pocophone F1 or Poco F1 ရဲ႕ မ်ိဳးဆက္သစ္ ဘယ္အခ်ိန္ထြက္လာမလဲဆိုတာ ေစာင့္ေမွ်ာ္ေနသူမ်ားစြာ ရွိပါတယ္။ အခုေတာ့ Poco India ရဲ႕ အေထြေထြ မန္ေနဂ်ာျဖစ္သူ Manmohan Chandolu က အင္တာဗ်ဴး စီးရီး ၁ ခုမွာ မ်ိဳးဆက္သစ္ စမတ္ဖုန္းရဲ႕ စိတ္ဝင္စားစရာ သတင္းအခ်က္အလက္ေတြကို မွ်ေဝလိုက္ပါတယ္။

စိတ္ဝင္စားစရာ အေကာင္းဆုံး သတင္းအခ်က္အလက္က Poco မ်ိဳးဆက္သစ္ကို ေၾကညာမယ့္ အခ်ိန္ျဖစ္ပါတယ္။ သူက ဒီႏွစ္ မတ္လမကုန္ခင္မွာ မိတ္ဆက္မယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ဒါ့အျပင္ သူက စြမ္းရည္ျမင့္ SoCs ေတြနဲ႔ RAM ပမာဏမ်ားစြာ ပါတဲ့ စမတ္ဖုန္းေတြကို ကုမၸဏီက အာ႐ုံစိုက္ ထုတ္လုပ္ေရာင္းခ်မွာျဖစ္ၿပီး အဲဒီ စမတ္ဖုန္းေတြဟာ ေပးရတဲ့ ေဈးထက္ တန္မယ္လို႔ ေျပာပါတယ္။ စမတ္ဖုန္း အသစ္ေတြမွာ MIUI for Poco ကို အသုံးျပဳထားမွာ ျဖစ္ပါတယ္။

Chandolu က Poco ဟာ Xiaomi ရဲ႕ ခိုင္မာတဲ့ Supply Chain ေတြကို ဆက္လက္ အသုံးျပဳမွာ ျဖစ္ၿပီး User Data ေတြကို Xiaomi ရဲ႕ Data Centers ေတြမွာ သိမ္းဆည္းမယ္လို႔ ေျပာပါတယ္။ After-sales ဝန္ေဆာင္မႈေတြကိုလည္း Xiaomi ရဲ႕ ဌာနေတြကေန လုပ္ေဆာင္ေပးမယ္လို႔ သူက ျဖည့္စြက္ေျပာပါတယ္။

အေစာပိုင္းမွာ Poco ဟာ အြန္လိုင္းကေန အဓိက ေရာင္းခ်မွာျဖစ္ၿပီး ေနာက္ပိုင္းမွာ ေျမျပင္စတိုးေတြကေန ျဖန႔္ခ်ိမွာ ျဖစ္ပါတယ္။ ကမာၻအဝန္းမွာ ထိုးေဖာက္မယ့္ အစီအစဥ္ကို Chandolu က မေျပာေသးဘဲ လက္ရွိမွာ အိႏၵိယ ေဈးကြက္ကိုပဲ အာ႐ုံစိုက္ထားတယ္လို႔ သူက ေျပာပါတယ္။ ႏိုင္ငံတကာကို ထိုးေဖာက္ဖို႔ ဆိုတာ အခ်ိန္ ယူရဦးမွာပါ။

Ref : gsmarena