Poco  F5 Pro ရဲ့ Specs နဲ့ ဓါတ်ပုံတွေကို ယူအေအီး ဝက်ဘ်ဆိုက်မှာ တင်ထားပြီး ဈေးနှုန်းကိုတော့ မဖော်ပြထားပါဘူး။

Poco F5 Pro မှာ Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး Memory Configuration ၃ ခု ထုတ်လုပ်ထားပါတယ်။ တရုတ်မှာပဲ ရောင်းချထားတဲ့ Redmi K60 ကို အမည်ပြောင်းကာ နိုင်ငံတကာမှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။

Poco F5 and Poco F5 Pro officially debut in UAE

6.67” AMOLED WQHD+ 3200x1440p မျက်နှာပြင် တပ်ဆင်ထားပြီး 526 ppi ရှိပါတယ်။ 120Hz Refresh Rate နဲ့ 480Hz Touch Sampling Rate ထောက်ပံ့ထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

Poco F5 and Poco F5 Pro officially debut in UAE

အနောက်ဘက်မှာ 64MP Main (Omnivision OV64B Sensor), 8MP Ultrawide-angle နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး OIS+EIS ပါပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။

5000 sq.mm LiquidCool VC ထည့်သွင်းထားပြီး အရင် Poco F ဖုန်းတွေထက် အပူစုပ်ယူမှု ၁၅ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ 5,160mAh Battery ပါလာပြီး Redmi K60 ရဲ့ 5,500mAh ထက် သေးသွားပါတယ်။ 67W Wired Charging နဲ့ 30W Wireless Charging ထည့်ထားပြီး Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပါတယ်။

Poco F5 Pro ကို ယူအေအီးမှာ White နဲ့ Black အရောင် ထုတ်လုပ်ထားပြီး 8/256GB, 12/256GB နဲ့ 12/512GB တွေ ရွေးချယ်နိုင်ပါတယ်။

Ref : gsmarena