[Unicode]

Pocophone ဟာ အမှီအခိုကင်းတဲ့ သီးခြားအမှတ်တံဆိပ်တစ်ခုဖြစ်လာပြီးတဲ့နောက် ၂၀၂၀ မှာ Pocophone F2 ကို ဦးဆုံးဖြန့်ချိဖို့ ပြင်ဆင်နေတာပါ။ Pocophone F2 နဲ့ပတ်သက်တဲ့ ပေါက်ကြားမှုတွေကလည်း အတော်လေးကို ဖြစ်ပေါ်နေခဲ့ပြီးပါပြီ။

ကုမ္ပဏီအနေနဲ့ Pocophone F2 ကို အနည်းဆုံး မော်ဒယ်နှစ်မျိုး ထုတ်လုပ်သွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။ Pocophone F2 နဲ့ F2 Lite တို့ကတော့ သေချာနေပါပြီ။ ဘာကြောင့်လဲဆိုတော့ Pocophone F2 Lite အကြောင်းကလည်း သတင်းတွေ၊ ရုပ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပြီဖြစ်လို့ပါ။

YouTube channel RevAtlas ကတစ်ဆင့် ပေါ်ထွက်လာတဲ့ ဓါတ်ပုံတွေက Pocophone F2 Lite ရဲ့ ဓါတ်ပုံတွေပဲ ဖြစ်ပါတယ်။ အခြေခံအချက်အလက်တွေနဲ့ အတူပေါ်ထွက်လာတဲ့ F2 Lite ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ Snapdragon 765G Chipset နဲ့ 6GB of RAM ကိုတွဲဖက်ထားမှာဖြစ်ပြီး ဘက်ထရီပမာဏကလည်း 5,000mAh လို့ ဖော်ပြထားပါတယ်။

အရှေ့ဘက်မျက်နှာပြင်မှာ Teardrop Notch နဲ့အတူ Selfie ကင်မရာ တစ်ခုကို တွေ့မြင်ရပါတယ်။ ကျောဘက်ပုံကတော့ ပေါက်ကြားလာခြင်းမရှိတာကြောင့် ကင်မရာပိုင်းနဲ့ပတ်သက်ပြီး များများစားစားသိခွင့်မရသေးပါဘူး။ ဒါပေမယ့် F2 Lite မှာလည်း ကင်မရာအရည်အသွေးကို အတော်အသင့်ကောင်းမွန်မယ်လို့ မျှော်လင့်နိုင်ပါတယ်။

ဒါ့အပြင် RevAtlas ကလက်ခံရရှိတဲ့ အီးမေးလ်အရ POCO အနေနဲ့ ဒီနှစ်ထဲမှာ မော်ဒယ်သုံးမျိုးကို မိတ်ဆက်ဖို့ စီစဉ်ထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီစမတ်ဖုန်းတွေဟာ Mi တွေကို အခြေခံထားဖွယ်ရှိတယ်လို့ သုံးသပ်ရပေမယ့် သတင်းအမှန်ကိုရှင်းရှင်းလင်းလင်း သိနိုင်ဖို့တော့ စောင့်ဆိုင်းရဦးမှာပါ။

Ref: GSM Arena

[Zawgyi]

Pocophone F2 Lite ရဲ႕ ဓါတ္ပုံအခ်ိဳ႕ ေပါက္ၾကားထြက္ေပၚလာ

Pocophone ဟာ အမွီအခိုကင္းတဲ့ သီးျခားအမွတ္တံဆိပ္တစ္ခုျဖစ္လာၿပီးတဲ့ေနာက္ ၂၀၂၀ မွာ Pocophone F2 ကို ဦးဆုံးျဖန႔္ခ်ိဖို႔ ျပင္ဆင္ေနတာပါ။ Pocophone F2 နဲ႔ပတ္သက္တဲ့ ေပါက္ၾကားမႈေတြကလည္း အေတာ္ေလးကို ျဖစ္ေပၚေနခဲ့ၿပီးပါၿပီ။

ကုမၸဏီအေနနဲ႔ Pocophone F2 ကို အနည္းဆုံး ေမာ္ဒယ္ႏွစ္မ်ိဳး ထုတ္လုပ္သြားဖြယ္ရွိေနတာ ျဖစ္ပါတယ္။ Pocophone F2 နဲ႔ F2 Lite တို႔ကေတာ့ ေသခ်ာေနပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ Pocophone F2 Lite အေၾကာင္းကလည္း သတင္းေတြ၊ ႐ုပ္ပုံေတြ ေပါက္ၾကားထြက္ေပၚလာၿပီျဖစ္လို႔ပါ။

YouTube channel RevAtlas ကတစ္ဆင့္ ေပၚထြက္လာတဲ့ ဓါတ္ပုံေတြက Pocophone F2 Lite ရဲ႕ ဓါတ္ပုံေတြပဲ ျဖစ္ပါတယ္။ အေျခခံအခ်က္အလက္ေတြနဲ႔ အတူေပၚထြက္လာတဲ့ F2 Lite ကလည္း စိတ္ဝင္စားစရာေကာင္းပါတယ္။ Snapdragon 765G Chipset နဲ႔ 6GB of RAM ကိုတြဲဖက္ထားမွာျဖစ္ၿပီး ဘက္ထရီပမာဏကလည္း 5,000mAh လို႔ ေဖာ္ျပထားပါတယ္။

အေရွ႕ဘက္မ်က္ႏွာျပင္မွာ Teardrop Notch နဲ႔အတူ Selfie ကင္မရာ တစ္ခုကို ေတြ႕ျမင္ရပါတယ္။ ေက်ာဘက္ပုံကေတာ့ ေပါက္ၾကားလာျခင္းမရွိတာေၾကာင့္ ကင္မရာပိုင္းနဲ႔ပတ္သက္ၿပီး မ်ားမ်ားစားစားသိခြင့္မရေသးပါဘူး။ ဒါေပမယ့္ F2 Lite မွာလည္း ကင္မရာအရည္အေသြးကို အေတာ္အသင့္ေကာင္းမြန္မယ္လို႔ ေမွ်ာ္လင့္ႏိုင္ပါတယ္။

ဒါ့အျပင္ RevAtlas ကလက္ခံရရွိတဲ့ အီးေမးလ္အရ POCO အေနနဲ႔ ဒီႏွစ္ထဲမွာ ေမာ္ဒယ္သုံးမ်ိဳးကို မိတ္ဆက္ဖို႔ စီစဥ္ထားတယ္လို႔ ဆိုႏိုင္ပါတယ္။ ဒီစမတ္ဖုန္းေတြဟာ Mi ေတြကို အေျခခံထားဖြယ္ရွိတယ္လို႔ သုံးသပ္ရေပမယ့္ သတင္းအမွန္ကိုရွင္းရွင္းလင္းလင္း သိႏိုင္ဖို႔ေတာ့ ေစာင့္ဆိုင္းရဦးမွာပါ။

Ref: GSM Arena