Huawei က တရုတ်နိုင်ငံတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ Mate 60 နဲ့ Mate 60 Pro ဖုန်းတွေဟာ ထူးခြားချက်အနေနဲ့ Huawei ရဲ့ ကိုယ်ပိုင် Kirin 9000s Chipset ကို ပြန်လည်အသုံးပြုထားတဲ့ဖုန်းတွေပဲဖြစ်ပါတယ်။ ဒါကြောင့် Kirin Chipset တွေကို Huawei က ပြန်လည်အသုံးပြုနေပြီလားဆိုပြီး မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။

အခုထပ်မံသိရှိရတဲ့သတင်းအရ Huawei ဟာ Mate 60 Series ဖုန်းတွေတင်မဟုတ်ဘဲ တခြားသော Device တွေမှာပါ ကိုယ်ပိုင် Kirin Chipset တွေကို အသုံးပြုဖို့ စီစဥ်နေပြီလို့ သိရပါတယ်။ အဆိုပါ Device တွေထဲက ပထမဆုံးအနေနဲ့ မြင်တွေ့ရမယ့် Device တစ်ခုက Flagship Premium Tablet တစ်လုံးဖြစ်လာမှာပါ။

အဆိုပါသတင်းကို တရုတ်နိုင်ငံတွင်း နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ပြောကြားခဲ့တာဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေများပြားနေပါတယ်။ သူ့ရဲ့ပြောကြားချက်အရတော့ ဒါဟာ Kirin Chipset သုံး Device တွေရဲ့ အစဖြစ်ပြီး နောက်လာမယ့် ရက်သတ္တပါတ်တွင်းမှာတင် Kirin Chipset ကို အသုံးပြုထားတဲ့ Device အများအပြားကို မြင်တွေ့ရမှာဖြစ်တယ်လို့ သိရပါတယ်။

Huawei Kirin 9000s Chipset ဟာ 5G နည်းပညာကို ထောက်ပံ့ပေးနိုင်ပြီး လက်ရှိအချိန်မှာ Huawei ကို US နိုင်ငံနဲ့ဆက်စပ်တဲ့နည်းပညာကို အသုံးပြုပြီး 5G ကို အသုံးမပြုနိုင်အောင် ပိတ်ပင်ထားတာကြောင့် ကိုယ်ပိုင်နည်းပညာတွေနဲ့ 5G ကို ထောက်ပံ့ထားတာဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် Kirin 9000s Chipset ဟာ Benchmark သတင်းပေါက်ကြားမှုတွေအရ စွမ်းဆောင်ရည်ပိုင်းမှာ Qualcomm Snapdragon 888 Chipset ဝန်းကျင်ပဲ စွမ်းဆောင်နိုင်တာကိုတွေ့ပါတယ်။

Huawei ရဲ့ Premium Flagship Tablet အသစ်ဟာ Huawei MatePad Pro ဖြစ်လာနိုင်ပြီး Screen Size အနေနဲ့ 11-inch အပြင် 12.6-inch ဆိုပြီး ၂ မျိုးထွက်ရှိလာနိုင်ပါတယ်။

Ref – Gizmo China