Samsung ဟာ လာမယ့်နှစ်အစောပိုင်းမှာ Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S23 Series ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့သတင်းတွေအရ အဆိုပါ Galaxy S23 Series ဖုန်းတွေဟာ လာမယ့်၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ မိတ်ဆက်လာမှာဖြစ်ပါတယ်။

လောလောဆယ် Samsung ကနေ Galaxy S23 Series ဖုန်းတွေမှာ Qualcomm Snapdragon Chipset တွေတင်မဟုတ်ဘဲ Exynos Chipset တွေကိုပါ တွဲဖက်ပြီးအသုံးပြုလာမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အဆိုပါသတင်းကို Qualcomm ကနေ အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် Qualcomm ကနေ ပြုလုပ်ခဲ့တဲ့ Q4 Earnings Call Meeting မှာ Qualcomm ရဲ့ CEO ဖြစ်တဲ့ Akash Palkhiwala ကိုယ်တိုင် လာမယ့် ၂၀၂၃ ခုနှစ် ပထမ (၃) လပါတ်ပိုင်းမှာ ရောင်းအားကောင်းဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ပြီး ဒါကလည်း Galaxy S23 Series ဖုန်းတွေကြောင့်ဖြစ်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Qualcomm ဟာ ယခင်တုန်းက Galaxy S22 Series ဖုန်းတွေရဲ့ ၇၅ ရာခိုင်နှုန်းအတွက်ပဲ Chipset တွေထုတ်ပေးခဲ့ပေမယ့် အခုလာမယ့် S23 Series အတွက်ကတော့ တကမ္ဘာလုံးစျေးကွက်အတွက် အကုန်လုံးထုတ်ပေးရမယ်ဆိုပြီး အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် Samsung ဟာ Galaxy S23 Series ဖုန်းတွေမှာ Exynos Chipset ကို လုံးဝအသုံးပြုမှာမဟုတ်တော့ဘဲ Qualcomm ရဲ့ Snapdragon 8 Gen 2 Chipset ကိုပဲ အသုံးပြုသွားမှာ သေချာသွားပြီဖြစ်ပါတယ်။

Ref – GSM Arena