Google ဟာ ယခုနှစ်အတွက် Flagship ဖုန်းတွေဖြစ်လာမယ့် Pixel 6 Series ဖုန်းတွေကို သေချာအာရုံစိုက်ထားတာဖြစ်ပါတယ်။ Design ပိုင်းတင်မဟုတ်သေးဘဲ Camera ၊ Display ပိုင်းမှာပါ တခြား Flagship ဖုန်းတွေနဲ့ ယှဥ်ပြိုင်နိုင်တဲ့အထိ အဆင့်မြှင့်တင်လာမှာဖြစ်ပါတယ်။
Google Pixel 6 Series ဖုန်းတွေမှာ အဓိကစိတ်ဝင်စားဖို့ကောင်းနေတဲ့အချက်တစ်ခုလည်း ရှိနေပါတယ်။ ဒါကတော့ Google Pixel 6 ဖုန်းတွေဟာ ပထမဆုံးအနေနဲ့ Qualcomm Snapdragon Processor တွေအစား ကိုယ်ပိုင် Tensor Chip ကို အသုံးပြုလာမှာကြောင့်ဖြစ်ပါတယ်။ Google ဟာ အဆိုပါ Tensor Chip အတွက် Samsung Exynos ရဲ့ အကူအညီရယူထားရတယ်ဆိုပေမယ့်လည်း အများစုကို ကိုယ်ပိုင်နည်းပညာနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အခုလိုမျိုး Google အနေနဲ့ ကိုယ်ပိုင် Chip ကို ပြောင်းလဲအသုံးပြုတာကို Qualcomm ကတော့ ကြိုက်နှစ်သက်ပုံမရပါဘူး။ ဘာကြောင့်လဲဆိုရင် Qualcomm ရဲ့ Official Twitter Page မှာ အခြေအနေဆိုးနိုင်တဲ့ Warning Sign ဖြစ်တဲ့ Red Flag Meme Trend တစ်ခုကို အသုံးပြုပြီး Google ကို လှောင်ပြောင်ခဲ့တာကြောင့် ဖြစ်ပါတယ်။
အဆိုပါ အဓိပ္ပါယ်ကတော့ Google က ကိုယ်ပိုင် Chip ထုတ်ပေမယ့်လည်း အောင်မြင်မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပြီး Google ကတော့ ပြန်လည်တုန့်ပြန်ခြင်းမရှိသေးပါဘူး။ Google ဟာ မနှစ်တုန်းက Pixel 5 မှာတင် Snapdragon Flagship Chipset အစား Snapdragon 765G Mid Range Chipset ကိုပဲအသုံးပြုခဲ့တာကြောင့် Google နဲ့ Qualcomm အကြား ယခင်ထဲက ပြဿနာရှိနေပုံပါပဲ။
ဘာပဲဖြစ်ဖြစ် Google အနေနဲ့ အခုလိုမျိုး ကိုယ်ပိုင် Tensor Chip ကို အသုံးပြုလိုက်တာကြောင့် Software Update ပိုင်းမှာ Pixel 6 Series ဖုန်းတွေကို ၅ နှစ်အထိ Update ပေးနိုင်တော့မှာဖြစ်ပါတယ်။
Ref – 9to5Google