ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် realme က အားလုံးမျှော်လင့်စောင့်ဆိုင်းနေကြသည့် realme 10 Series သစ်ကို နိုဝင်ဘာလအတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ၄င်းတို့၏ Twitter လူမှုကွန်ယက်မှတစ်ဆင့် အတည်ပြုကြေညာပေးသွားခဲ့သည်။ realme (India) ၏ CEO နှင့် realme global ၏ ဒု-ဥက္ကဌဖြစ်သူ မဒဗ်ဆက်က ၄င်း၏ Twitter မှတစ်ဆင့် realme 10 Series အနေဖြင့် စွမ်းဆောင်ရည်ပိုင်း၊ မျက်နှာပြင်ပိုင်းနှင့် ထုတ်ကုန်ဒီဇိုင်းပိုင်းတို့တွင် ကြီးမားသည့်ပြောင်းလဲမှုတို့ဖြင့်ပေါ်ထွက်လာမည်ဖြစ်ကြောင်း အသိပေးပြောဆိုသွားခဲ့သည်။

realme ၏ ပင်မထုတ်ကုန်အမျိုးအစားဖြစ်သော realme နံပါတ်စဥ်စီးရီးသစ်မှာ အဓိကကျောထောက်နောက်ခံအဖြစ် ထိပ်တန်းအဆင့်မြင့် နည်းပညာများထည့်သွင်းထုတ်လုပ်ထားမည်ဖြစ်သည်။ realme 10 ထုတ်ကုန်သစ်မှာ သူ့ထုတ်ကုန်အမျိုးအစားအလိုက် ယှဉ်ပြိုင်မှုမှတစ်ဆင့် အဆန်းသစ်ဆုံးသော နည်းပညာများကို ထည့်သွင်းပေးထားမည်ဖြစ်သည့်အတွက် နောက်ထပ် သတင်းအချက်အလက် အသေးစိတ်များကို ဆက်လက်စောင့်ကြည့်လေ့လာရန်ပါ တိုက်တွန်းထားသည်။

ထို့အပြင် realme 10 နှင့် realme 10 Pro+ ထုတ်ကုန်တို့နှင့်ပတ်သက်သည့် အချက်အလက်အချို့မှာလည်း နည်းပညာသတင်းဝက်ဘ်ဆိုက်တချို့တွင် အောက်တိုဘာလအတွင်းမှ စတင်ကာ ဖော်ပြရေးသားမှုများလည်း ရှိလာခဲ့ပြီဖြစ်သည်။

Press Release – realme