realme 11 Series ကို နောက်လထဲမှာ ကြေညာမယ်လို့ အရင်က သိထားပြီး အခုတော့ မေလ ၁၀ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ ဝီဘို အကောင့်မှာ အတည်ပြုထားတာ ဖြစ်ပြီး တရုတ်မှာ အရင် ကြေညာမှာ ဖြစ်ကာ ဒီနှစ်နှောင်းပိုင်းမှာ နိုင်ငံတကာမှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။

Realme 11 lineup is officially arriving on May 10

ရိုးရိုး realme 11 5G ကို တရုတ်က 3C မှာ မှတ်ပုံတင်ထားပြီး 33W Charging Speed ပါမယ်လို့ အတည်ပြုထားပါတယ်။ RMX3751 Device မှာ VOOC 4.0 Charger ပါလာမှာ ဖြစ်ပြီး 11V/3A Output ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

Realme "11 Pro" mimics Xiaomi 12S Ultra in new leak - NotebookCheck.net News

realme က ကိုယ်ပိုင် စတိုး၊ JD.com နဲ့ Tmall.com မှာ ကြိုတင်မှာယူနိုင်တဲ့ Landing Page တွေကို လွှင့်တင်ထားပြီးပြီဖြစ်ပြီး မိတ်ဆက်ပွဲ မတိုင်ခင် ၂ ပတ် အလိုမှာ Specs နဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြနိုင်ပါတယ်။ realme 11 Series မှာ realme 11, realme 11 Pro နဲ့ realme 11 Pro+ တို့ ပါလာနိုင်ပြီး realme 11 Pro နဲ့ realme 11 Pro+ မှာ OLED မျက်နှာပြင်ကွေး တပ်ဆင်ထားနိုင်ပါတယ်။

Ref : gsmarena