realme 11 Series ကို တရုတ်မှာ မေလ ၁၀ ရက်နေ့ ကြေညာမယ်လို့ ထင်ရပြီး realme 11 Pro+ 5G ကို NBTC နဲ့ BIS မှာ မှတ်ပုံတင်ထားတဲ့အတွက် အိန္ဒိယမှာလည်း ကြေညာဖို့ နီးနေပါပြီ။

NBTC and BIS certifications

realme 11 Pro+ 5G မှာ GSM, WCDMA, LTE နဲ့ NR Cellular ဆက်သွယ်မှုတွေ ပါလာမယ်လို့ အခု သတင်းထွက်လာပြီး တခြား Specs တွေကို မသိရပါဘူး။ ဒါပေမယ့် အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ အရင်က များစွာ ထွက်ပေါ်ခဲ့ပြီး ဓါတ်ပုံတွေလည်း တွေ့ခဲ့ရဖူးပါတယ်။

Realme 11 Pro+

ပေါက်ကြားသတင်းတွေအရ realme 11 Pro+ 5G မှာ 6.7 Inch မျက်နှာပြင်ကွေး ပါလာနိုင်ပြီး 120Hz Refresh Rate , 2160Hz PWM Dimming ထောက်ပံ့ထားနိုင်ပါတယ်။ MediaTek Dimensity 7050 Chipset မောင်းနှင်ထားနိုင်ပြီး 12GB or 16GB RAM နဲ့ 256GB or 1TB Storage ပါလာနိုင်ပါတယ်။

realme 11 Pro+ 5G မှာ 200MP Main ကင်မရာ တပ်ဆင်ထားနိုင်ပြီး Samsung ISOCELL HP3 Sensor ဖြစ်နိုင်ပါတယ်။ အနောက်ဘက်မှာ 8MP Ultrawide နဲ့ 2MP Auxiliary ကင်မရာတွေနဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ ပါလာနိုင်ပါတယ်။ Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena