realme 11 Pro+ ကို ကြေညာလိုက်ပြီး 200MP ကင်မရာ ပါတဲ့ realme ရဲ့ ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ 200MP ပင်မ ကင်မရာမှာ OIS ပါပြီး Super Night Scape, Moon Mode နဲ့ Starry Mode Pro Shooting Mode တွေကို ထောက်ပံ့သလို 4K 30fps Video တွေ ရိုက်ကူးနိုင်ပါတယ်။ အနောက်ဘက်က နောက်ထပ် ကင်မရာ ၂ လုံးက 8MP Ultrawide နဲ့ 2MP Macro တို့ ဖြစ်ပါတယ်။

Realme 11 Pro+ debuts with 200MP main cam and 100W charging

အစိမ်းနဲ့ အဝါရောင် မော်ဒယ်တွေရဲ့ အနောက်ဘက်ကို သားရေနဲ့ဖုံးအုပ်ထားပြီး အလယ်မှာ ချည်သားနဲ့ချုပ်ထားတဲ့မျဉ်းကြောင်း ပါပါတယ်။

Realme 11 Pro+ debuts with 200MP main cam and 100W charging

6.7 inch AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး FHD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 10-bit Panel မှာ 2160Hz PWM Frequency Dimming ထည့်ထားပြီး မျက်လုံးထိခိုက်တာကို လျှော့ချပေးပါတယ်။ အရှေ့ဘက်မှာ 32MP ကင်မရာ ပါလာပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

Realme 11 Pro+ debuts with 200MP main cam and 100W charging

realme 11 Pro+ မှာ MediaTek Dimensity 7050 Chipset မောင်းနှင်ထားပြီး 12GB RAM နဲ့ 1TB Storage အထိ ရွေးချယ်နိုင်ပါတယ်။ 100W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး Android 13 အခြေပြု realme UI 4.0 မောင်းနှင်ထားပါတယ်။

အနက်၊ အစိမ်းနဲ့ အဝါရောင် ထုတ်လုပ်ထားပြီး 12/256GB Version ကို ၁,၉၉၉ ယွမ် (၂၈၉ ဒေါ်လာ)နဲ့ 12GB/1TB Version ကို ၂,၅၉၉ ယွမ် (၃၇၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ တရုတ်မှာ ဒီလ ၁၅ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းမယ့် အချိန်နဲ့ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gsmarena